(5)

19.6K 2.2K 47
                                    

(Zawgyi)

တံခါးခေါက်သံသဲ့သဲ့ကို ညီညီ မကြားတစ်ချက်ကြားတစ်ချက် ကြားနေရသည်။အအိပ်မက်သည့် သူဖြစ်ရာ တစ်ယောက်ယောက် တံခါးလာခေါက်သည်ကိုပင် အိပ်မက် မက်သည်ဟု ယောင်ယောင်ဝါးဝါး ထင်နေမိသည်။

သို့သော် တံခါးခေါက်သံက ယခင်ကထက်အဆက်မပြတ် ကျယ်လောင်စွာ ခေါက်နေသည့် အသံကြားလိုက်ရစဉ်မှာတော့ မထချင်ထချင်နှင့်သာ ထလိုက်ရတော့သည်။

တစ်ချက်သမ်းဝေပြီး....ဒယီးဒယိုင် နှင့် ထလျှောက်ရင်း အခန်းတံခါးကို ဖြေးညင်းစွာ ဖွင့်လိုက်၏။

" အမလေးဗျာ ..."

ဆံပင်ဖားလျားချပြီး...ဖဲသားအဖြူ ဂါဝန်ရှည်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို တံခါးအဖွင့်မှာ တန်းတွေ့လိုက်ရသဖြင့် အိပ်ချင်နေသည့် ညီညီ့ မျက်ဝန်းတွေပြူးကျယ်သွားပြီး ရင်အစုံက ထိတ်ခနဲ ဖြစ်သွားခဲ့သည်။

အခုမှ သတိရသည်...။ညီညီက ဦးထိန်အိမ်တွင် ရှိနေသည်ပဲ ....။စားပိုးနင့်မတက်စားပြီး အိပ်ရာထဲ ရောက်ရောက်ခြင်းပင် တန်းအိပ်ပျော်သွားခဲ့ခြင်း...။

" ရှူး...အပြင်ထွက်ခဲ့ လသာဆောင်မှာ စိန်တို့စကားပြောရအောင် ...."

ညီညီ ခေါင်းကုတ်လိုက်သည်။မတော်လို့ ဦးထိန်က ညကြီးအချိန်မတော် ချိန်းတွေ့နေသည်ဟု ထင်သွားမှဖြင့် ညတွင်းချင်း အသတ်ခံနေရဦးမည်....။

ညီညီ ခေါင်းကို တွင်တွင်ခါယမ်းလိုက်သည်။မဖြစ်ဘူး ...။သို့သော် ခေါင်းကို သေချာပင် ခါယမ်းမပြလိုက်ရ မရွှေချောက သူ့လက်တစ်ဖက်ကို ပြုတ်ထွက်မတတ်ဆွဲကာ အခန်းအပြင်ဘက်သို့ ခေါ်သွားချေတော့သည်။ညီညီ့မှာ ကြောင်တောင်တောင်နှင့် ဆွဲခေါ်သွားသည့် အတိုင်းပင် လသာဆောင်ဆီသို့ ပါသွားခဲ့သည်။

ညီညီ့အထင် မိန်းမတွေကအစ တစ်ဆွေလုံးတစ်မျိုးလုံး အားအတော်ရှိကြသည်ထင် ....။ဆွဲခေါ်သွားပြီးမှ တော့မထူးတော့ ညီညီက ချမ်းငြိမ်းမဟုတ်သည့် အကြောင်း အကျိုးအကြောင်း ပြောပြရတော့မည်ပေါ့ ....။

လေတဖြူးဖြူးတိုက်ခတ်နေသည့် လသာဆောင်ဟု ခေါ်တွင်သော အိမ်ကြီး၏ ထောင့်စွန်းတစ်နေရာအရောက်တွင် ညီညီ့ကို ဆွဲခေါ်သွားသည့် လက်ကိုစိန် လွတ်လိုက်သည်။လသာဆောင်သည်လဲ အတော်လေးကျယ်ဝန်းသည်ပင်....။လျှောက်လမ်းတစ်လျှောက် ကော်ဇောနီညိုရောင်တွေ ခင်းကျင်းထားပြီး ပတ်ပတ်လည်ကို တိုင်လုံးတွေ နှင့်ခန့်ခန့်ထည်ထည် တည်ဆောက်ထားသည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now