(2)

25.7K 2.6K 61
                                    

(Zawgyi)
သူမ က ချစ်စနိုးညီညီဆိုသည့် သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး  ကာကွယ်ပေးရှာသည်။သူမ အော်သံကြောင့် ညီညီတို့ဆီ လှမ်းလာနေကြသည့် ခြေလှမ်းတစ်ချို့ အယောင်ယောင် အမှားမှားဖြစ်ကုန်ကြတော့သည်....။

ခပ်တင်းတင်းဆုပ်ကိုင်ထားတာ သူမ လက်မောင်းကို မဟုတ်ပဲ အခုတော့ဖြင့် ခါးသိမ်သိမ်လေးဖြစ်လို့နေသည်။

သူမ ကျောပြင်နှင့် ကြောက်ရွံ့ထိတ်လန့်နေသည့် ဖြူဖတ်ဖြူရော် မျက်နှာကြီးကို ဖုံးကွယ်ထားလိုက်သည်။

သေခြင်းတရားဆိုတာကို ညီညီ ကြားဖူးခဲ့သည်။
လူတစ်ယောက် ကို မမွေးဖွားလာခင်ကတည်းက ကံကြမ္ပာက သေဖို့အချိန် သတ်မှတ်ပေးပြီးသားတဲ့။ညီညီ့ကို သေမင်း သတ်မှတ်ပေးတဲ့ အချိန်က ဒီနေ့ဖြစ်နေပြီ ထင်သည်။

" ပါပါး....တောင်းပန်ပါတယ် ....စိန်နဲ့ ကိုကို့ ကို မခွဲပါနဲ့နော် စိန် သူ့ကို သိပ်ချစ်လို့ပါ ...."

သူမ အိခနဲ တစ်ချက်ရှိုက်ကာ ရုတ်တရက် အော်ငိုတော့သည်။ဟုတ်ဘူးလေ ...ညီညီ သူက သူမ ချစ်သူမှမဟုတ်တာ ....။

" မ ....မဟုတ်ဘူး ....ကျွန် ...ကျွန်တော်က ချစ်သူ မဟုတ်ပါဘူး ...."

အထစ်ထစ်အငေါ့ငေါ့ နှင့် ညီညီ အသားကုန် အော်ငြင်းလိုက်သည်။ညီညီ့အသံကြောင့်...သူမ အငိုတိခနဲ တိတ်သွားခဲ့သလို သူမဖခင်ကြီးရဲ့ မျက်လုံးတွေလည်း စူးရဲတောက်ပသွားခဲ့သည်။

ဟုတ်ပါတယ် အမှန်အတိုင်းပြောနေတာပါဗျာ...။ခင်ဗျားသမီး ခင်ဗျားခေါ်ပြီး...အမြန်သာဒီနေရာက ထွက်သွားကြပါ ....။

" ပါပါးတွေ့လား ပါပါးကြောင့် ...ကိုကိုက စိန့်ကိုကြောက်နေပြီ ..."

အမလေး မျက်လုံးတောင်ပြာဝေ သွားသလိုပဲ ...။သူမရဲ့စကားတတ်မှုကြောင့် သခင်ဇိုးက ညီညီ့ကို မယုံသင်္ကာမျက်ဝန်းတွေနှင့်  မျက်လုံးလှန်ကြည့်ပြန်သည်။

ညီညီ့ဆီ အကြည့် တစ်ချက်ရောက်လာတိုင်း ရင်ကတုန်တုန်တက်သွားရသည်။ကြောက်သေးတောင် ထွက်ချင်လာတယ်ဆိုတာ...အပိုပြောတာမဟုတ်....။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now