(30)

19.2K 2K 37
                                    


ကုတင်ထက် ကောင်လေးကို ဂရုတစိုက်နှင့် ကောင်လေးကို ခပ်ဖြည်းဖြည်းလေး တင်ပေးလိုက်ချိန် ကောင်လေးရဲ့ အသက်ရှူသံပြင်းပြင်းက သူ့ရင်ကို အရှင်လတ်လတ် ဓါးနှင့်ခွဲနေသလို။ထိန့် မျက်ရည်တွေ အကျမပြတ်လေတော့။

ရေနွေးစိမ်ထားသည့် တဘက်နှင့် မျက်နှာကို ထိပစ်လိုက်ဖို့တောင်မရဲ။သူထိမှ သူ့အားနှင့် ဒီကလေး ထိပ်ပြီး ထိခိုက်သွားမှာစိုးသည်။သူ့ရှေ့က ကလေးကို သူ့ကြောင့်နှင့် အနာတရ ထပ်ပြီး မဖြစ်စေချင်တော့။ဒီလောက်နှင့် ရေစက်ကို ဖြတ်သင့်ကြပြီလေ။

သမီးနှင့်အတူ ဆရာဝန်ပါ အခန်းထဲ ဝင်လာတော့ တယုတယ သုတ်ပေးနေသည့် လက်ကိုရုတ်ကာ မျက်ရည်တွေ ခိုးသုတ်လိုက်သည်။သမီးကိုပင် သူ့မှာ စေ့စေ့မကြည့်ရဲပေ။သူ့ကြောင့် သမီးအချစ်ရေးမှာ ရှုပ်ထွေးစရာတွေ ဖြစ်လာရသည်။

ဆရာဝန်က အားလုံးစမ်းသပ်ပြီး၊အယောင်ကျဆေးတွေရော၊သောက်ဆေးတွေရော၊အားဆေးတွေရောထိုးပေးပြီးသွားချိန် အခန်းထဲ တိတ်ဆိတ်မှုသာ နေရာယူလာခဲ့သည်။ကောင်လေးက မျက်နှာထက်တွင် ပတ်တီးအဖြူလေး နေရာယူနေတာတောင် သူ့မျက်လုံးထဲမှာ ချစ်စရာကောင်းနေမှုက လျော့ကျမသွားခဲ့ပေ။

ပတ်တီးဖြူဖွေးဖွေးထဲမှ မြင်နေရသည့် မျက်လုံးတောက်တောက်နှင့် ကောင်လေးကို သူ စွန့်လွတ်ရတော့မည်။

" တောင်းပန်ပါတယ်....စိန် ကျွန်တော် တောင်းပန်ပါတယ်....ကျွန်တော် ဦးထိန် ကို ချစ်တယ်...."

ကိုကို့ဆီမှ စကားတွေက စိန့်အတွက်တော့ ဓါးသွားထက်က ပျားရည်တွေလို...။သွေးစိမ်းရှင်ရှင် ထွက်ဖို့ လုံလောက်စေသည်။တုန်ရီလာသည့် လက်ဖဝါးတွေကို ခပ်ဖွဖွ ဆုပ်လိုက်မိတာ အဆမတန် ခြောက်ခြားလာသည့် စိတ်တွေကို စုစည်းလိုက်ဖို့။

ပါပါးကလည်း အသံနက်ကြီးနှင့် ကိုကို့ နာမည်ကို ကြုံးအော်သည်။သူ့သမီးရှေ့မှာ ချစ်စကားကြိုက်စကားအပြောခံလိုက်ရသည်မလို့လားမသိ ကတုန်ကယင်တွေ ဖြစ်ကာ မျက်နှာတွေပျက်နေသည်။စိန့်မှာ ပါပါးကို အရေးမလုပ်နိုင်။ကိုကို့ကိုသာ တစ်ခုခု ပြန်ပြောရန် စဉ်းစားနေမိသည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now