(4)

20.9K 2.3K 75
                                    

(Zawgyi)

အကြည့်တွေက အေးစက်သည်ဆိုတာထက်ကိုပိုနေသည်။နဂါးတစ်ကောင်သာဆို...ညီညီ ထိုနေရာမှာတင် အခါခါ ပြာကျနေလောက်ပြီထင်သည်။

စကားပြောဖို့ လာခဲ့သည်ပဲလေ ...။သို့ပေမယ့် ...ကောင်မလေးက ရေချိုးပြီးခါစ ဖြစ်နေတာ ညီညီမှ မသိတာ...။ဟူးခနဲ သက်ပြင်းပူမှုတ်ထုတ်ရင်း နဂါးကြီးကို ဘာစပြောရမလဲ မသိ ဖြစ်နေသည်။

အခြေအနေက ကို့ရိုးကာယားနိုင်တာကိုမှ ရုတ်တရက် ဘာထပြောလိုက်ရမလဲ မသိသည်အထိပင် ....။
အခန်းပေါက်ဝတွင် ...ရပ်နေသည့် ဦးထိန်က ဟန်ပါပါ နှင့် အထဲထိလျှောက်လာသည့်အခါမှ ညီညီ ပါးစပ်ထဲ ရှိရာတွေ ပြောလိုက်တော့သည်။

" ဘာမှမဟုတ်ဘူးခင်ဗျ....ဟား...ဟား...အအေးပတ်မှာ စိုးလို့လေ ရေမြန်မြန်ချိုး အအေးမပတ်စေနဲ့လို့ လာပြောတာရယ် ရေကချိုးပြီးသား ဖြစ်နေတာ ဟား...ဟား...ဘာမှမဟုတ်ဘူး...ဘာမှမဟုတ်ဘူး..."

တဟားဟား အာလုတ်အသံကြီးနှင့် ဘာမှမဟုတ်သလို ပုံစံမျိုးပြောလိုက်ပြီး ညာတာပါတေးနှင့် အခန်းအပြင်ဘက်ကို ညီညီ လှမ်းထွက်လိုက်သည်။
နှုတ်ကနေ ဘာတွေပြောထွက်လို့ပြောထွက်သွားမှန်းပင်မသိတော့ ....။

အကြောက်ပြေရန် တဟားဟားရယ်နေသည်ကို ဦးထိန်က မျက်နှာသေနှင့် စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။

အခန်းပြင်သို့ ညီညီ တုန်တုန်ယင်ယင်နှင့်ရောက်လာခဲ့တော့ ...

" အော် ညကြ ထမင်းစားခန်းမှာတွေ့မယ်ဗျ...အခုတော့ ကျွန်တော် နားလိုက်ပါဦးမယ် ..." ဟု ခပ်တည်တည် ပြောခဲ့လိုက်သေးသည်။

ဦးထိန်က ညီညီ့စကားကြောင့် မျက်မှောင်ကြုတ်ပြီးကြည့်နေပြန်သည်။ထိုအခါ ညီညီက သွားဖြဲ ရယ်ပြလိုက်ရသည်။နောက် လှစ်ခနဲ ထိုနေရာမှ အပြေးတစ်ပိုင်း ထွက်ခဲ့လိုက်တော့သည်။

ညီညီနေနေသည့် အခန်းထဲရောက်မှပင် ...ကြောက်စိတ်က တဖြေးဖြေးပြေလျော့လာတော့သည်။မတော် သူ့သမီးကို လာငမ်းပါသည်ဆိုပြီး အထင်မြင်လွဲ သတ်ပစ်နေခါမှဖြင့်....။

ကောင်မလေးကို ရှင်းလဲမရှင်းပြလိုက်ရဘူး...။
ဒီနေ့တစ်ရက်တော့ ရှိပါစေတော့ ...။မနက်ဖြန်မှ အကျိုးအကြောင်းသေချာပြောရမည်။အခုတောင် အသက်ကိုဖက်နှင့်ထုတ်ပြီးနေနေရသည့် အခြေအနေမှာ ထိုအခန်းထဲကနေ ထွက်လာနိုင်တာ ကံကောင်းသည်ဟုပြောရမည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now