(18)

15.9K 1.8K 17
                                    

(zawgyi)

" ခေါင်းဆောင်....ဒီစာရဲ့ အနေအထားအရ ခေါင်းဆောင်ရဲ့ ကောင်လေးကို ဖမ်းခေါ်သွားတာ ကြောင်နက် ဂိုဏ်းကပါ...တပည့်အထင်....Demon ဂိုဏ်းက တစ်ဖက်လှည့်ပြီး ကြောင်နက် ဂိုဏ်းလို ကြေးစားဂိုဏ်းကို ငှား တပည့်တို့ ဂိုဏ်းနဲ့ ရန်တိုက်ပေးလိုက်တဲ့သဘောပါ....Demon ဂိုဏ်းက ထိပ်တိုက်ရင်မဆိုင်ရဲလို့ ကြေးစားငှားလိုက်တယ်နဲ့တူပါတယ် ...."

" နေရာနဲ့ အချိန်ကို ငါ့ကိုပြော..."

" မြို့အပြင်ဘက်က တိုက်ပျက်ကြီးကို တပည့်တို့ ရထားတဲ့ လက်နက်တွေယူပြီး နောက်ထပ်တစ်နာရီအတွင်း လာရမယ်လို့ရေးထားပါတယ် ...."

" အခုချက်ချင်းသွားဖို့ပြင်ဆင် ...."

" ခေါင်းဆောင်....ဒါ ထောင်ချောက် ဖြစ်နိုင်ပါတယ် ...ကြောင်နက်နဲ့ Demon တို့ ပေါင်းပြီး ဇိုးဂိုဏ်းကို တိုက်မှာပါ ....အဲ့ကိုရောက်သွားတာနဲ့ ကျွန်တော်တို့ အထိနာနိုင်ပါတယ် ဒါကြောင့် ဘာမဟုတ်တဲ့ အသက်တစ်ချောင်းကိုပဲ အဆုံးရှုံးခံပြီး ....."

" မင်း သောက်ပါးစပ်ပေါက်ကို ပိတ်ပြီး ငြိမ်ငြိမ်နေလိုက်..."

စူးရဲနေပြီး ဒေါသရိပ်တွေ သွန်းလောင်းထားသလို အသံခပ်အက်အက်က ထိန့်နှုတ်ဖျားမှ ပီပီသသ ထွက်လာလေတော့ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတာ အပ်ကျသံပင် မကြားရ။သီဟ တောင် တစ်ကိုယ်လုံး တုန်တက်သွားပြီး ဘာဆက်ပြောလို့ပြောရမည်မသိသည်အထိ ဖြစ်သွားသည်။ခေါင်းဆောင် စိတ်တိုနေသည်ကို သီဟ သိသည်။ဒီကောင်လေးနှင့်ပတ်သက်ပြီး ခေါင်းဆောင်ကို သစ္စာဖောက်မိသည်ကိုလည်း သီဟ သိသည်။သို့ပေမယ့် ထိုသစ္စာ ဖောက်မှုတွေက ခေါင်းဆောင်အပေါ် ဘာကိစ္စမှ မသက်ရောက်ပဲ ကောင်လေးကိုသာ မြန်မြန်သေစေချင်တာကြောင့်ပင်ဖြစ်သည်။

သို့ကြောင့် Demon ဂိုဏ်းနှင့် လျို့ဝှက်ပတ်သက်နေသည့် ဦးခင်မောင်နှင့် သီဟ ပူးပေါင်းလိုက်မိခြင်းပင်။Demon ဂိုဏ်းက ကြောင်နက်ဂိုဏ်းကို ဘာကြောင့်ငှားခဲ့သလဲဆိုတာ တော့ သီဟမသိ ....။အရေးကြီးတာ ထိုကောင်လေး ပြန်ပေးဆွဲခံရတာကို ခေါင်းဆောင် သွားမကယ်ဖို့ပဲဖြစ်သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now