4

1.5K 132 0
                                    

  ပြင်ဦးလွင်မြို့ရှိ အပန်းဖြေစံအိမ်တွင် ထိုက်တော်ဝင်ရောက်နေတာ တစ်ပတ်ကျော်ရှိနေပြီဖြစ်သည်။ ဒေါ်လေးပန်းရိပ်လိုက်လာပြီး အခြေအနေကိုရှင်းပြခဲ့တာကြောင့် အကုန်သိလိုက်သည်။အားလုံးက  သူ့စိတ်ကိုအလိုလိုက်မိတာကြောင့် မဆိုင်သည့်သူကိုပါ ပြသနာထဲဆွဲထည့်ခဲ့မိသည်။

ဒေါ်လေးပြောပြတာကိုနားထောင်ရင်း ရှင်းသန့်ဖြူကို အားနာမိတာတော့ အမှန်။ အဆောင်ဆိုတော့ တစ်ခုခုထူးခြားရင် အားလုံးစောင့်ကြည့်ခြင်းခံရပြီး သတင်းက ဟုတ်သည် ၊မဟုတ်သည် ပျံ့လွယ်သည်။ ကြည့်ရတာ အဆောင်ကထွက်လာပြီးကတည်းက ရှင်းသန့်ဖြူကိုအားလုံးစောင့်ကြည့်နေကြတာဖြစ်မည်။ ပြီးတော့သူတို့နှစ်ယောက်ဆက်ဆံရေး အဆင်မပြေတာလည်း အဆောင်းသူတွေတင်မက တစ်ခြား အဆောင်ကတွေထိပါသိကြသည်။ ရိပ်တော့ရိပ်မိပေမယ့် နဂိုက တိတ်တိတ်ဆိတ်ဆိတ် နေတတ်တာကြောင့် ဂရုမစိုက်ခဲ့။

ထွက်သွားတဲ့နေ့က မနက်စျေး​​သွားကတည်းက ထမင်းတောင်မချက်နိုင်ဘဲ အခန်းပြောင်းပေးမည့်သူကို တစ်ဆောင်လုံး ပတ်ရှာနေခဲ့ပြီး တစ်ညလုံးနီးပါးလည်းမအိပ်ဘဲစောင့်ခဲ့သည်တဲ့။ ဒေါ်လေးကိုသတင်းလာပေးသူကတော့ ရှင်းသန့်ဖြူနှင့် အဆောင်မှာ အခင်ဆုံးထင်ရသည့် ငြိမ်းသူဇာလင်း။မမြင်ဘူးပေမယ့် သူ့သူငယ်ချင်းမတရား အပြောခံနေရလို့လာပြောတယ်လို့တော့ ပြောသည်။

ကိစ္စအားလုံးကသူကချည်းစခဲ့တာကြောင့် သူကပဲအဆုံးသတ်ရပေမည်။

မွေးကတည်းကပါလာသည့် အကျင့်အရ ကိုယ့်ဘက်ကအမှားလုပ်မိရင် မပျက်မကွက်တောင်းပန်တတ်ပြီး တစ်ဖက်ကအမှားလုပ်ရင်လည်း ပြန်တောင်းပန်မှကြိုက်သည်။

မြစ်ကြီးနားကဆင်းခဲ့တုန်းကပါလာသည့် ပစ္စည်းအနည်းငယ်ကို ကျောပိုးအိတ်ထဲသေသေချာချာထည့်ပြီး မီးဖိုခန်းသို့ဝင်လာခဲ့သည်။ အိမ်ကတစ်ထပ်တိုက်ပေမယ့် ဇိမ်ခံအိမ်​ကြောင့် နာမည်နှင့်လိုက်အောင် ထည်ဝါသည်။ ထိုက်တော်ဝင်အခန်းနှင့် မီးဖိုခန်းကနှစ်ခန်းကျော်ကွာသည်။

မီးဖိုခန်းထဲဝင်ဝင်ချင်း ထမင်းကြော်နံမွှေးမွှေးလေးရသည်။ ချက်ပြုတ်နေသူကတော့ ငယ်ငယ်ထဲက ထိန်းကျောင်းခဲ့သည့် ကြီးဝါပင်။ အဖွားပြီးရင်တော့ ဒုတိယ အတွယ်တာဆုံး မိသားစုလိုတန်ဖိုးထားရဆုံးလူဖြစ်သည်။

Why! ongoing/unicode(GL)Место, где живут истории. Откройте их для себя