30

1.7K 145 33
                                    

"မထည့်နဲ့ဦး... ခဏလေး..။"

ရှင်းသန့်ဖြူဆီကရုတ်တရက်ထွက်လာသည့်စကားကြောင့် ထိုက်တော်ဝင်မှာ ကြောင်တောင်တောင်လေးနှင့်ကြည့်နေရပြန်သည်။ ရှင်းသန့်ဖြူမှာထိုင်နေသည့်နေရာကိုထိုက်တော်ဝင်နှင့်နီးကပ်အောင်ရွှေ့လိုက်သည်။ ပြီးမှသူ့ကိုကြောင်ငေးနေသည့် ထိုက်တော်ဝင်ကိုမြန်မြန်လေးနမ်းလိုက်ကာ ထိုက်တော်ဝင်လက်ထဲကဆပ်ပြာခြင်းကိုလှမ်းယူလိုက်သည်။

မနက်ဖြန်ရထားတက်တော့မည်မို့ ရှင်းသန့်အဝတ်ထုပ်နေတာကိုထိုက်တော်ဝင်ကကူပေးနေတာဖြစ်သည်။ တကယ်ကအများကြီးတော့မဟုတ်။ ဟိုတစ်နေ့ကရှင်းသန့်ထုပ်သင့်သလောက် ထုပ်ပြီးထားပြီမို့အခုက တစ်ကိုယ်ရေပစ္စည်းလေးတွေနှင့်အဝတ်အနည်းငယ်ပဲစီထည့်လိုက်ယုံသာ။ ရှင်းသန့်တစ်ယောက်တည်းထည့်လည်းရပေမယ့် ထိုက်တော်ဝင်ကဝင်ကူပေးသည်။ ထိုက်တော်ဝင်ဆီကယူလိုက်သည့်ဆပ်ပြာခြင်းထဲမှ သွားတိုက်ဆေး၊သွားတိုက်တံနှင့် မျက်နှာသစ်ဆေးကိုဖယ်ထုတ်ထားလိုက်ပြီး အဝတ်အိတ်ကြီးထဲထည့်လိုက်ကာဇစ်ပိတ်လိုက်သည်။ ခရီးကမနက်ဖြန်ဆိုတော့ဒီညအိပ်ဖို့ အိပ်ယာကလိုသေးသည်။ ဒါပေမယ့်မလိုပေ။ ဒီညတော့ထိုက်တော်ဝင်နားမှာ ကပ်အိပ်လိုက်ဖို့ကြံထားသည်မို့ ရှင်းသန့်ဖြူခုတင်တွင်ဘာဆိုဘာမှရှိမနေပေ။

မနက်ဖြန်အတွက်အကုန်ပြင်ဆင်ပြီးပြီမို့ ရှင်းသန့်လည်းစိတ်သက်သာရာရသွားပြီ။ ရှင်းသန့်အကျင့်ကသွားခါနီးလာခါးနီးမှထပြင်ရရင် ပျာယာခတ်ပြီးဘယ်ကစကိုင်လို့ကိုင်ရမှန်းမသိပဲ အယောင်ယောင်အမှားမှားတွေလုပ်မိတော့သည်။ ထို့ကြောင့် ကိုယ့်ပစ္စည်းတွေမကျန်အောင်သေသေချာချာစေ့စေ့စပ်စပ်လေးစီစစ်ပြီးမှ အချိန်ယူပြီးထုပ်ပိုးရသည်။ နဂိုပစ္စည်းကနည်းတာကိုလူနှစ်ယောက်အားနဲ့ဆိုတော့အချိန်တိုလေးအတွင်းမှာပြီးသွားသည်။

"ကဲ....အားလုံးပြီးသွားပြီ။ ဟီး ဟီး။"

ရှင်းသန့်မှာအကျင့်ပါနေသည့်အတိုင်းအညောင်းဆန့်ကာ ကိုယ်လုပ်လိုက်သည့်အလုပ်အပေါ်ကျေနပ်မှုအပြည့်နှင့်ပြောလိုက်သည်။ ခန္ဓာကိုယ်ကိုကော့ပြီးဆန့်လိုက်တာကြောင့်ကောက်ကြောင်းက ထင်းနေကာ ထိုက်တော်ဝင်ကတော့သူ့ရှင်းသန့်ကိုကြည့်ပြီးမသိလိုက်မသိဘာသာ တံတွေးမျိုချမိကုန်တော့သည်။ ထို့နောက်စိတ်ထိန်းရန်အလို့ငှာ မျက်တောင်နှစ်ချက်လောက်ခပ်မြန်မြန်လေးခပ်လိုက်ပြီးအကြည့်ကို ခဏကနှစ်ယောက်ပေါင်းထုပ်ထားသည့်အထုပ်တွေဆီပြန်ပို့လိုက်ရသည်။ ပြီးနောက်....

Why! ongoing/unicode(GL)Where stories live. Discover now