for my reader

926 100 14
                                    

Why!ကို လက်ရှိအပိုင်းထိဖတ်နေကြတဲ့ ကိုယ့်ရဲ့ readerလေးတွေ မင်္ဂလာပါ။ အစကတစ်ပတ်တစ်ပိုင်းတင်မယ်လို့မှန်းထားပေမယ့် ၂ပိုင်းတင်လို့အပြီးမှာ မဖြစ်နိုင်မှန်းရိပ်မိလာပါတယ်။ အဲ့တာကြောင့် စောင့်ဖတ်ပေးကြတဲ့ readerတွေကို စိတ်ပျက်စေမိရင် တောင်းပန်ပါတယ်နော်။

အခုကိုယ်က အိမ်မှာမဟုတ်တာကြောင့် အရင်လို အေးဆေးမနေနိုင်ပါဘူးနော်။ အားတဲ့အခြေအနေမှာမှစာရေးနေရတာမို့  readerလေးတွေကို မျှော်လင့်ချက်တွေ ပေးမိသလိုဖြစ်သွားတယ်နော်။ အဲ့အတွက် ထပ်ပြီးတောင်းပန်ပါတယ်။

တစ်ပိုင်းတစ်ပိုင်းနှုန်းမဟုတ်ပေမယ့် ရေးပြီးရင်တင်ပေးပါ့မယ်။ တော်နေ ဒီသာသာက အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောနေတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကိုယ်တကယ်မအားလွန်းလို့ပါနော် အလုပ်တွေပြီးရင်စာတောင်မရေးနိုင်တော့ဘူး။ အရင်က ၂နာရီထိနေနိုင်တာ အခုဆို ၁၁ဆိုမျက်လုံးတွေဝါးလာရော။ ပါဝါလည်းတိုးရတော့မယ်။

ဘယ်လိုဆိုဆို ကိုယ်ရေးတဲ့ficလေးကိုကြိုက်ပေးကြတဲ့အတွက်ကျေးဇူးပါ။ ဒီသာသာက ဖတ်မယ့်လူရှိလည်းတင်မယ် ဖတ်မယ့်လူမရှိလည်းတင်ပါမယ်နော်။ ဟုတ် readerလေးတွေအားလုံးကိုအများကြီးချစ်တယ်နော်။ ကိုယ့်စာကတော်တော်ရှည်သွားတယ်။ အားလုံးဂရုစိုက်ကြပါ။ ဘေးကင်းကြပါစေ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။

Why! ongoing/unicode(GL)Where stories live. Discover now