14

1.4K 122 8
                                    


ထိုက်စံမြင့် တွေးနေမိ၏။ ရှင်းသန့်ဖြူဆိုသည့်ကလေးမကို ကြည့်တော့ ယဥ်ယဥ်ကျေးကျေးလေးသာ။ အန်တီလေးပြောပြသည့်အတိုင်း အလုံးစုံ နူးညံ့ပြီးတည်ငြိမ်သည်။ ကြည့်ရတာ ထိုက်အကြောင်းမသိသေးဘူးထင်သည်။ တကယ်လို့သိသွားရင်ရော ရှင်းသန့်ဖြူဘယ်လို တုံ့ပြန်မလဲ။ မြဖူးပွင့်လိုလား။ မဖြစ်နိုင် စကားပြောတုန်းက စကားနှိုက်ကြည့်တော့ ရှင်းသန့်ဖြူမှာ မြဖူးပွင့်လို စိတ်ဓာတ်မျိုးမတွေ့ရ။

အခုသူ လေ့လာစရာနောက်တစ်ယောက်ကျန်သေး၏။ သူ့ညီမ ထိုက်တော်ဝင်ပင်။ တစ်ခါမှလုပ်လေ့မရှိသည့် အပြုအမူတွေကို လုပ်နေတာကြောင့် နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထဲထဲဝင်ဝင်သိဖို့လိုနေပြီ။ အခုတော့ ဒေါ်လေးကို မျက်နှာသွားပြပြီး အလွမ်းသယ်ရဦးမည်။ မတွေ့ရတာ နှစ်နှစ်ရှိပြီမို့ ပြောစရာတွေတော်တော်များကြပေဦးမည်။

ဒေါ်လေးအခန်းရောက်တော့ ဒေါ်လေးက ခုံမှာထိုင်ပြီး စာရင်းတွက်နေသည်။

"ဒေါ်လေး...။"

ဒေါ်ပန်းရိပ် အသံကြားလို့ မော့ကြည့်လိုက်တော့ မတွေ့တာကြာပြီဖြစ်သည့် တူမကြီး ထိုက်စံမြင့်။ ဝမ်းသာလွန်းစွာပြေးဖက်လိုက်တော့ သူမကိုပြန်ပွေ့ဖက်လာသည်။ ထိုက်ညီအမကအရပ်ရှည်ကြပေမယ့် ထိုက်စံမြင့်ကတော့ ထိုက်တော်ဝင်ထက် ၃လက္မပုသည်။

"ဟယ်..ကြည့်စမ်း။ ဘယ်လိုရောက်လာတာလဲ စံ ရဲ့ လာမယ်ဆိုလည်းဖုန်းလေးတော့ကြိုဆက်ပေါ့။ အခုကရုတ်တရက်ကြီး။"

"အင်း စံ လည်းရုတ်တရက်ကြီးဖြစ်သွားတာ။ ပထမ စံ လာရမှာမဟုတ်ဘူး။ ဒုမန်နေဂျာက ကိုယ်ဝန်ရှိသွားတာနဲ့ ခရီးဝေးလို့ စံ လိုက်လာရတာ။ ဖုန်းတော့ အံ့သြ သွားအောင်တမင်မဆက်တာ။ "

ပြောပြီး ထိုင်ဖြစ်ကြ၏။ ထို့နောက် ဒေါ်လေးကမေးလာသည်။

"ထိုက်ကောသိပြီးပြီလား စံ။ အဲ့ကောင်မလေး ခုတလောထူးဆန်းနေတယ်။ ပိုက်ဆံလည်းသိပ်မသုံးဘူး၊ အပြင်လည်းကျူရှင်သွားတာကလွဲပြီးမထွက်ဘူး။ အဆောင်မှာချည်းပဲ။ ခါတိုင်ဆိုငါလိုက်ခေါ်နေရတာကို ခုတော့ အနည်ထိုင်နေတယ်ဟဲ့ ညည်းညီမက။ "

Why! ongoing/unicode(GL)Where stories live. Discover now