25

1.2K 138 16
                                    

လေပြေအိမ်ပြန်ရောက်တော့ အခန်းထဲတန်းဝင်လိုက်ပြီးနောက် ခုတင်ထက်သို့ ခြေကားယားလက်ကားယားနှင့်မှောက်အိပ်လိုက်သည်။ အခုချိန်မှာတော့သူ့မှာနောင်တတွေတစ်ပုံတစ်ပင်နှင့်ဖြစ်နေချေပြီ။ အဲ့အချိန်တုန်းကပါးစပ်လေးကိုပိတ်ထားနိုင်ခဲ့ရင်ဘယ်လောက်ကောင်းလိုက်မလဲ။ တွေးရင်းပင်နောင်တကဆက်တိုက်ရနေ၏။ အိပ်ယာပေါ်လူးလိမ့်ရင်းပင် ထိုအချိန်ကလှိုင်းရိပ်ရဲ့ မည်းမှောင်နေတဲ့မျက်နှာကြီးကို တန်းမြင်ယောင်လာသည်။

ထိုနေ့ကသူမှလွဲ၍ အိမ်ရှိလူကုန် အမေရဲ့သူငယ်ချင်းဆီဆိုင်သစ်ဖွင့်ပွဲသွားကြတာဖြစ်သည်။ အဖေရော အမေရော ညီမလေးပါမကျန်သွားကြတာဖြစ်သည်။ သူကတော့ လှိုင်းရိပ်နှင့်ကိစ္စလေးတစ်ခုစီစဥ်ထား၍ မလိုက်ဖြစ်ခဲ့။ လှိုင်းရိပ်အိမ်နှင့်သူ့အိမ်ကိုခြားထားတာဆိုလို့ လမ်းပဲရှိသည်။ အိမ်ကမျက်နှာချင်းဆိုင်ပေမို့ လေပြေအတွက် အပြင်ထွက်ချင်ရင်လှိုင်းရိပ်ကိုသာအဖော်ညှိယုံသာ။

အဲ့နေ့က လှိုင်းရိပ်နဲ့စျေးဝယ်နေတုန်း လေပြေနှင့်အသိကောင်မလေးနှင့်ဆုံဖြစ်ကြသည်။ ဖြစ်ချင်တော့ ထိုကောင်မလေးမှာ လှိုင်းရိပ်ကိုစိတ်ဝင်စားနေတာဖြစ်ပြီး လှိုင်းရိပ်နဲ့ခင်ချင်လို့လေပြေကိုပြောထားတာဖြစ်သည်။ ထိုကောင်မလေးမှာ အစက ထိုက်ကိုသဘောကျခဲ့တာမှန်သော်လည်း ထိုက်ကအမရှင်းသန့်နဲ့သတင်းတွေထွက်နေတော့ ပစ်မှတ်ကသူတို့ထဲမှာအနေတည်ပြီး ထိုက်လောက်နီးပါးကြည့်ကောင်းသည့် လှိုင်းရိပ်ကိုပြောင်းသွားသည်ထင်သည်။ ပြောတော့မှ သူနှင့်ရွက်ဝါသာ ကလေးမျက်နှာလေးတွေနှင့်ဖြစ်နေကာ ထိုက်နဲ့လှိုင်းရိပ်ကခပ်တည်တည်နေရင်ပင်ယောက်ျားလေးလိုရော မိန်းကလေးလိုရောချောသည့်typeနှစ်မျိုးထွက်သည့်ရုပ်ရည်မျိုးရထားကြတာဖြစ်သည်။ ဟွန့်... မနာလိုတာ။

လှိုင်းရိပ်ရဲ့အကျင့်ကိုသိပေမယ့် အမြဲတမ်းသီးသန့်နေတတ်သည့်လှိုင်းရိပ်ကိုစချင်တာကြောင့် လေပြေလည်းသဘောတူလိုက်တာဖြစ်သည်။ ပြီးတော့ထိုကောင်မလေးက ကျူရှင်မှာလေပြေတို့ခုံတန်းနောက်မှာထိုင်တဲ့သူဖြစ်တာကြောင့်လည်းပါသည်။ အမြဲတွေ့နေရတာဖြစ်ပြီး သူ့ကိုလာပြောတာလည်းတစ်ခါနှစ်ခါမဟုတ်တော့ လေပြေလည်းသဘောတူလိုက်တာဖြစ်သည်။

Why! ongoing/unicode(GL)Wo Geschichten leben. Entdecke jetzt