28

2.2K 162 44
                                    

ထိုက်တော်ဝင်မှာအခုတစ်လောအလုပ်ပိုလုပ်နေသည်။ သူထိုသို့ပုံမှန်ထက်ပိုလုပ်နေရခြင်းမှာ ရှင်းသန့်နှင့်အတူနေနိုင်ဖို့ပင်။ သဘာဝတရားကိုဆန့်ကျင်ထားတဲ့သူတို့နှစ်ယောက်အတွက် လူအများလက်ညှိုးထိုးစရာဖြစ်ကောင်းဖြစ်နိုင်သည်။ အဲ့တာတွေအသာထား သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ရှာထားတဲ့ပိုက်ဆံတွေနှင့် ရှင်းသန့်ကို ပြည့်ပြည့်စုံစုံဖြစ်အောင်ထားပေးချင်သည့်စိတ်က သူရှင်းသန့်အပေါ်ထားသည့်မေတ္တာပင်။ ကျန်တဲ့သူတွေရဲ့ ဘလာဘလာကိစ္စတွေသူ့ခေါင်းထဲမှာမရှိ။

သူ့အလုပ်မှန်သမျှကိုလည်းရှင်းသန့်နှင့်တိုင်ပင်ဖြစ်သည်။ ရှင်းသန့်ကအဲ့လိုအချိန်တွေဆို တွေးတွေးဆဆလေးဖြစ်နေတတ်ပြီး သူ့တွေးမိသည့်အကြံဉာဏ်တွေကိုထုတ်ပြောလာတတ်သည်။ ရှင်းသန့်ရဲ့အဲ့လိုပုံလေးကိုမြင်မိတိုင်းသူ့မှာ အူယားမိ၏။ တကယ့်ကိုလေးလေးနက်နက်နှင့်ဖြစ်နေကာ ရှင်းသန့်ရဲ့အကြံတွေကသူ့အတွက်တကယ်အသုံးဝင်ပေသည်။

ထိုက်တော်ဝင်စီးပွားရေးစလုပ်ပေတော့မည် သူ့ပိစိလေးအတွက်။ ရှင်းသန့်နှင့်မတွေ့ခင်တည်းက ဝါသနာအရပန်းချီဆွဲလို့ရတာကို ဘဏ်ထဲထားထားတာမို့ ထုတ်ကြည့်လိုက်တော့ ၅၈သိန်းတော့ရှိသည်။ မိဘတွေဆီကတစ်ပြားမှမယူပဲသူကိုယ်တိုင်ရှာထားသည့်ပိုက်ဆံတွေမို့ သူ့အပိုင်ပေ။

အစကပန်းချီဆွဲလို့ရလာတဲ့ပိုက်ဆံတွေကိုဘယ်နားသုံးရမလဲမသိလို့ဘဏ်ထဲပစ်ထားလိုက်သည်။ အဲ့အချိန်သူ့မှာအနာဂတ်အတွက်သိပ်မတွေးသေး။ တွေးဖို့လည်းအာရုံမလာ။ ရလာတဲ့ပိုက်ဆံတွေကို ဟိုနားဒီနားတတ်နိုင်သလောက်လှူသည်။ သူလိုတာရှိရင်ထုတ်သုံးလိုက်သည်။ သုံးစရာမရှိရင်ဘဏ်ထဲပြန်ပစ်ထားလိုက်သည်။ ဒီလိုပဲလည်ပတ်လာခဲ့တဲ့သူ့ဘဝသည် ရှင်းသန့်နှင့်တွေ့တော့ရည်မှန်းချက်တွေ အနာဂတ်တွေတွေးလာခဲ့ပြီ။

ရှင်းသန့်ကလည်းသူစုထားသည့်ပိုက်ဆံကို ရှယ်ယာဝင်ချင်သည်ဆိုကာသူ့ကိုအပ်ထားလေသည်။ ရှင်းသန့်ကသူ့ပိုက်ဆံပမာဏမှာ ၁၃သိန်းကျော်လေးပေမို့ ပိုက်ဆံအပ်တုန်းကမျက်နှာကသိပ်မကောင်းချင်။ အဲ့အချိန်တုန်းကဆိုသူ့မှာ ရှင်းသန့်တစ်ခြားအတွေးတွေမဝင်နိုင်အောင်မနည်းချော့ခဲ့ရသည်။ ဒါတောင်သူ့ပိစိလေးကသူ့ကိုအားနာနေသည်။ ရှင်းသန့်ကသူနှင့်အတူနေပြီးကာမှ သူ့အတွက်တစ်နေ့တာအတွင်းကြုံတွေ့ခဲ့ရတာတွေကို တစ်ခုမကျန်ပြန်ပြောတတ်လာသည်။ အဲ့လိုလေးတွေကြောင့်သူ့မှာ ပိုချစ်ရတာတော့အမှန်။

Why! ongoing/unicode(GL)Where stories live. Discover now