fullmoon

1.4K 66 33
                                    

ဒီနေ့လပြည့်ညက 2022အတွက်တော့နောက်ဆုံးပြည့်မယ့်လပြည့်ဖြစ်တော့မယ်နော့။ ဘာလိုလိုနဲ့တစ်နှစ်ဆိုတဲ့အချိန်ကိုကျော်ဖြတ်သွားပြန်တော့မယ်။ မနေ့ကမှupထားတဲ့အပိုင်းတွေကိုသတိထားကြည့်မိတော့ အပိုင်းသစ်ကလက်တစ်ဖက်တောင်မပြည့်ဘူးရယ်။

2022တစ်နှစ်လုံးက ဘဝမှာမှတ်လောက်စရာနှစ်လို့တောင်ပြောလို့ရတယ်။ ဝင်လာလိုက်တဲ့ပြဿနာတွေများတရစက်ပဲ။ အတိုးချထားသလားတောင်အောင့်မှတ်ရတယ်။ တစ်ခုတောင်မဖြေရှင်းရသေးဘူး နောက်နေ့ရောက်တော့နောက်တစ်မျိုး ပုံစံအသစ်နဲ့ပြန်ကြုံရပြန်တယ်။ အခုနှစ်ကုန်ပိုင်းလောက်မှအဆင်ပြေသွားတာ။ ကြားထဲလည်းစိတ်ကအဆင်မပြေနေတော့ခေါင်းကအလုပ်မလုပ်တော့ဘူး။

စာရေးတာကဝါသနာအရပဲရေးတာဆိုတော့ စိတ်ကူးတည့်မှအကြံတွေကထွက်လာတာမျိုးပါ။ plotချပြီးရေးတတ်တဲ့အကျင့်ကမရှိတော့ ရေးမယ်ဆိုကာမှအရင်အပိုင်းပြန်ဖတ်ပြီးကိုယ်စိတ်ကူးမိတာနဲ့ချိတ်ဆက်ပြီးရေးတာမျိုးပါ။ ဒါကြောင့်အရေးအသားတွေကဟာကွက်တွေများသလို စုတ်ချာနေတာလည်းရှိပါတယ်။ ဒီစုတ်ချာနေတဲ့အတိုင်းပဲအပြီးထိတော့ဆက်ရေးမှာပါ။ 

စာရေးနေတဲ့အချိန်အတွင်းတော့စိတ်ထွက်ပေါက်ရတယ်လေ။ အဲ့တာမို့ရေးဖြစ်တာလည်းပါပါတယ်။ ဒါပေမယ့်ဒီနှစ်ကတော့ဘာမှမတွေးနိုင်လောက်အောင် အတက်အကျတော်တော်လေးဖြစ်သွားတာပါ။ ပြင်းထန်တာပေါ့ အရင်နှစ်ကထက်စာရင် တော်တော်လေးကိုဆိုးဆိုးရွားရွားကြုံတွေ့လိုက်ရတာ။

နှစ်တစ်နှစ်ရဲ့နောက်ဆုံးလပြည့်ညမှာအမှတ်တရဖြစ်အောင်တင်လိုက်တာပါ။ ဒီနောက်ပိုင်း အတိအကျဆိုရင်တော့ဒီနှစ်အတွင်းပေါ့ ဘယ်လောက်ပဲစိတ်ညစ်ညစ်လပြည့်ညတွေမှာဆို 15မိနစ်လောက်​ဖြစ်ဖြစ်လကိုကြည့်တတ်တဲ့အကျင့်ရှိတယ်။ အဲ့လိုအချိန်တိုင်းလည်း ကိုယ့်ကိုကိုယ်တော်တော်များများမေးခွန်းတွေထုတ်တတ်ပြီး စိတ်ဓာတ်တွေလည်းမတရားကျတတ်ပါတယ်။ မတတ်န်ုင်ဘူးလေနော့။ NCTကMarkပြောသလိုပဲ တစ်ခါတစ်လေစိတ်ဓာတ်ကျပေမယ့်မတတ်နိုင်ပဲ ဒီစိတ်ဓာတ်ကျနေတဲ့အခြေအနေနဲ့ပဲ ကျော်ဖြတ်လိုက်ရတာတွေရှိတယ်လေနော့။
.
.
.
.
ဘားမဟုတ်ဘူး လပြည့်ညမှာစွရူးထလာတာ။bb.

Wed December 7,2022
5:19(p.m)

You've reached the end of published parts.

⏰ Last updated: Dec 07, 2022 ⏰

Add this story to your Library to get notified about new parts!

Why! ongoing/unicode(GL)Where stories live. Discover now