24

1.5K 156 27
                                    

ငြိမ်းကဝင်လာတာနဲ့တစ်ပြိုင်နက်တည်း ရှင်းသန့်ဆီတန်းသွားကာပါလာသည့်အထုပ်ကိုပေးလာသည်။ ဝင်လာတည်းကကြွပ်ကြွပ်အိတ်၃ပိဿာအိတ်ကြီးနှင့်ရောက်ချလာတာဖြစ်သည်။ အိတ်ကအမည်းရောင်မို့အထဲကဘာမှန်းတော့မသိရ။ လှိုင်းရိပ်၊လေပြေ၊ရွက်ဝါတို့ကစားပွဲမှာထိုင်နေတာဖြစ်ပြီးထိုက်တော်ဝင်ကပန်းသီးပန်းကန်ကူချပေးဖို့ရှင်းသန့်နားရောက်နေတာဖြစ်သည်။

ငြိမ်းသူဇာလင်းအသံကအပျော်လွန်လွန်းလို့အသံပင်တုန်နေသည်။ ဘာဖြစ်လာပြန်ပြီလဲမသိဘူး။

ရှင်းသန့်ပေးလာသည့်အိတ်ထဲကအရာတွေကိုကြည့်လိုက်တော့spicyအနီ၊ အနက်အထုပ်တွေပင်။ ငြိမ်းကိုကြည့်လိုက်တော့ စိတ်လှုပ်ရှားစွာပင်မျက်ခုံးပင့်ပြလာပြီး...

"ရှင်းသန့်..ရှင်းသန့် ငါတို့ညကျရင်spicyလုပ်စားရအောင်ဟာ။ငါစားချင်လွန်းလို့အမေအလစ်မှာခိုးဝယ်ထားတာ။ အဆောင်ကိုပုံစံမပျက်ရောက်လာဖို့ငါဘယ်လောက်တောင်ကြိုးစားထားရလဲဆိုတာတွေးကြည့်လို့တောင်မရနိုင်ဘူးတကယ်။"

ငြိမ်းသူဇာလင်းကငြီးငြီးညူညူနှင့်ပြောနေသည်။ ဒါပေမယ့်ငြီးညူသံကခဏသာ။ ရှင်းသန့်ဘာမှတောင်ပြန်မပြောရသေး စားပွဲပေါ်ကဘာမှမကျန်တော့သည့်ပီဇာဘူးကိုကြည့်ပြီးမျက်နှာကရှုံ့မဲ့နေကာ..

"အဲ့တော့ငါငတ်သွားတာလား.....ဟူး..ယုံနိုင်ဘူးရယ် လက်တစ်ကမ်းအလိုမှာငါbbလိုက်ရတာလား...အဟွန့်...မကျေနပ်တာ။ "

ထိုအခါလေပြေက....

"မမငြိမ်း လေပြေလည်းဝသေးဘူးပြန်သွားဝယ်စားရအောင်..."

လေပြေအသံကိုကြားတော့ငြိမ်းသူဇာလင်းကပြုံးဖြီးသွားကာ..

"အဟီး...လေပြေ။ အမ စားတာကစားချင်ပေမယ့်အပြင်မှာအရမ်းပူနေလို့အပြင်မထွက်ချင်တော့ဘူး။ ဒီတစ်ခေါက်တော့အောင့်လိုက်ကြစို့နော့လေပြေလေး။ နောက်တစ်ခေါက်ကျ အမဝယ်ကြွေးမယ်။"

ရှင်းသန့်ဖြူအငယ်တွေဆီမှာငတ်ကြီးကျနေသည့်ငြိမ်းသူဇာလင်းကိုကြည့်ပြီးခေါင်းခါမိသည်။ ပြီးတော့ဒီspicyထုပ်တွေနှင့်ပတ်သက်ပြီးသေချာမေးရဦးမည်။ ထို့ကြောင့်ထိုက်တော်ဝင်နှင့်ပန်းသီးပန်းကန်ကိုမျှသယ်ကာစားပွဲမှာဝင်ထိုင်လိုက်သည်။ ပန်းသီးပန်းကန်ရောက်လာတော့ငြိမ်းနှင့်လေပြေကအရင်ဦးအောင်နှိုက်ကြသည်။ ပြီးမှရှင်းသန့်တို့စားကြတာဖြစ်သည်။ ပန်းသီးဝါးရင်းပင်...

Why! ongoing/unicode(GL)Where stories live. Discover now