21

1.7K 145 38
                                    

"ခဏကကျွန်တော်မြင်လိုက်တာ တကယ်လားဟင် အမ!"

ငြိမ်းသူဇာလင်း သူ့ကိုမော့ကြည့်ပြီးမယုံနိုင်သလိုမေးလာသည့် ရှင်းသန့်လွင်ကိုကြည့်ပြီး ဖြေသင့်နိုး မဖြေသ​င့်နိုးခွဲခြားနေ
မိသည်။ အခုပုံစံက ရှင်းသန့်လွင်က ခုံတန်းပေါ်မှာထိုင်နေတာဖြစ်ပြီး ငြိမ်းသူဇာလင်းကတော့ အပေါ်ထပ်ဘက်ကိုလည်တဆန့်ဆန့်နှင့်ငေးကြည့်ပြီးမတ်တပ်ရပ်နေတာဖြစ်သည်။ ငြိမ်းသူဇာလင်းတစ်ချက်ငြိမ်နေပြီးမှ တံတွေးတစ်ချက်မျိုချလိုက်ပြီးမေးလိုက်သည်။

"အဲ့တော့ ညီမလေးအခုလိုမြင်လိုက်တော့ စိတ်ထဲဘယ်လိုဖြစ်သွားလဲ။ "

ရှင်းသန့်လွင်က တစ်ချက်တွေသွားပြီးမှ...

"ဘယ်လိုမှတော့မနေပေမယ့် ကိုယ့်အမဖြစ်နေတော့ နည်းနည်းအံ့သြယုံပါ။ သူငယ်ချင်းတွေထဲမှာလည်း အဲ့လိုအတွဲတွေရှိတော့ အဆန်းတော့မဟုတ်ပါဘူး။"

"အော်..."

တစ်ခါတိုင်း ကြက်တူရွေးနှုတ်တိုက်ပြောတတ်သည့် ငြိမ်းသူဇာလင်းမှာ သူမဟုတ်သည့်အတိုင်း 'အော်' တစ်လုံးနှင့်သာပြီးလိုက်လေသည်။ မပြီးလို့မရ။ သူလည်းဘာဆက်ပြောရမှန်းမသိတော့။ နှစ်ယောက်ကြား ခဏတိတ်သွားပြီးမှ ရှင်းလွင်ဆီကအသံထွက်လာသည်။

"အမရှင်းသန့်တို့က တွဲနေတာကြာပြီလား။"

ငြိမ်းသူဇာလင်းအခုမှတွေးမိသည်။ သူကသာ အားရပါးရပေးစားနေတာ ရှင်းသန့်ဘက်က တုတ်တုတ်မလှုပ်တော့ ထိုက်ရှင်းအတွဲက တွဲတယ်လည်းပြောလို့မရ။ မတွဲဘူးလို့ပြောရအောင်ကလည်း သူ့မမြင်ကွယ်ရာမှာ ထိတွေ့နေကြတာလည်းအခါခါ။ အဲ့တော့ အခြေအနေကဘယ်လိုလည်းပေါ့နော်။ ငြိမ်းသူဇာလင်း အခန်းဘက်ကိုတစ်ချက်လှည့်ကြည့်သည်။ ဘယ်သူမှမရှိဘူး စိတ်ချရပြီဆိုမှ ခန္ဓာကိုယ်ကို တစ်ဝက်လောက်စောင်းထားရာကနေ ရှင်းလွင်ဘက်ကို အလုံးစုံလှည့်လိုက်တော့သည်။ ဒါမျိုးကိစ္စက မျက်နှာချင်းဆိုင်ပြောကြမှ ပိုထိရောက်တာမို့။ ဒါပေမယ့် ထိုင်တော့မထိုင်ချင်။ အရေးအကြောင်းဆို ဆတ်ခနဲလှုပ်ရှားရဦးမှာဆိုတော့ ပတ်ဝန်းကျင်တစ်ခွင်မျက်စိကစားရသေးသည်။

Why! ongoing/unicode(GL)Where stories live. Discover now