2

2.2K 167 0
                                    


အခန်းထဲတွင်တော့ စာရွက်နှင့်ခဲတံခြစ်ရာမှ ထွက်နေသည့်အသံတွေမှလွဲ၍ ဘာသံမှမကြားရချေ။ အပြင်ဘက်ကကားသွားသည့်အသံတွေ ဆိုင်ကယ်သံတွေနှင့် ငှက်အော်သံတွေတော့တစ်ချက်တစ်ချက်ကြားနေရသည်။ရှင်းသန့်ဖြူကခုတင်ပေါ်တွင်ထိုင်နေတာဖြစ်ပြီး သူတို့ လေးယောက်ကတော့ ထိုက်တော်ဝင်ခုတင်ထက်တွင် ထိုင်သူထိုင်၊ ရပ်သူရပ်နှင့် ထိုးထွက်နေသည့်အရပ်တွေနဲ့တော့ ခုတင်တစ်ဖက်တွင်အဆင်ပြေသလို နေ,နေကြသည်။ရှင်းသန့်ဖြူမှာ ညအိပ်ဝတ်စုံနှင့်ဖြစ်ပြီး ယခုထိ အပြင်ထွက်ဖို့အဝတ်မလဲရသေးချေ။

ခါတိုင်းအဝတ်လဲတဲ့အချိန်တွေဆို တစ်ခါတစ်လေထိုက်တော်ဝင်ရှိနေတတ်ပေမယ့် နေ့တိုင်းလိုလို အခန်းထဲကိုယ်တစ်ယောက်တည်းနေရတာတွေများတော့ စိတ်ကြိုက်လဲ၍ရသည်။ ဒါပေမယ့် ဒီနေ့ကတော့ ထိုက်တော်ဝင်အပြင် ကောင်မလေး သုံးယောက်ကပါ ထပ်ရောက်နေတော့ ရင်ရှားပြီးလဲရင်လည်းအဆင်မပြေ။ ခါတိုင်းလဲသလိုဆို လုံးဝကို ဟိုး.....အဝေးကြီးကို မဖြစ်နိုင်တာကြီး။

ဒီတိုင်း ထိုင်နေမယ့်အတူတူ ရေချိုးခန်းမှာမျက်နှာသစ်ရင်း အတွေးတစ်ခုပေါ်လာသည့်အတွက် စာရွက်ပေါ်တွင် ဇာပန်းထိုးရန်ပုံကြမ်းဆွဲနေလိုက်သည်။ အာရုံစိုက်ပြီး ဆွဲနေပေမယ့် နားထဲသို့တစ်ချက်တစ်ချက်ဝင်လာသည့် အသံများကြောင့် ဆွဲရတာစိတ်မပါတော့။ သူတို့ချင်းသာတွေပြောနေသည်မသိ။ ခုတင်ချင်းက နီးနီးလေးပေမယ့် အသံတိုးတိုးနှင့် စကားကိုလုယက်ပြောနေကြတော့ ဘေးမှာရှိနေသည့်ရှင်းသန့်ဖြူမှာ ပြောနေတာတွေကြားပေမယ့် နားမလည်။ သူတို့ချင်းစကားအချိတ်အဆက်တွေနှင့်ပြောနေတော့ သူတို့စကားနှင့်သူတို့တော့ဟုတ်နေသည်။

ထိုက်တော်ဝင်နဲ့မတည့်တာမှန်သော်လည်း သူ့သူငယ်ချင်းတွေလာနေချိန်တော့ ဒီလိုကြီးနေလို့တော့မဖြစ်။ပြဿနာက ထိုက်တော်ဝင်နဲ့ဖြစ်တာကြောင့် သူတို့ သုံးယောက်ကတော့ မဆိုင်သူတွေသာ။အခန်းဝမှာ ရှင်းသန့်ဖြူနှင့်မျက်လုံးချင်းဆုံမိသွားကြတုန်းက သုံးယောက်လုံး အားတုံ့အားနာနေဟန်တွေ့ရသည်။ ထိုက်တော်ဝင်ကတော့ အမြင်ကတ်စွာဖြင့်မျက်လုံးနှင့်ပင်မဆုံအောင် တမင်နေလိုက်တာကြောင့် ဘယ်လိုပုံဖြစ်နေသည်ကိုမသိလိုက်ရ။အဲ့တော့ အငယ်လေးတွေ အနေမခက်အောင် ကိုယ့်ဘက်က စကားအရင်စလိုက်သည်။

Why! ongoing/unicode(GL)Where stories live. Discover now