5

1.5K 138 0
                                    

"လာ လာသမီီးတို့ စောင့်နေတာ နည်းနည်းနောက်ကျတယ်နော် ငြိမ်း"

ငြိမ်းအမေက ပြုံးပြုံးလေးနှင့်နှုတ်ဆက်သည်။ ငြိမ်းနှင့် ရုပ်ချင်းဆင်သည်။ငြိမ်းကအမေတူသမီးပဲ။မျက်နှာကျတွေက တော်တော်လေးတူသည်။

ရှင်းသန့်ဖြူငြိမ်းတို့အိမ်ရောက်တော့ ဧည့်သည်တွေသိပ်မရောက်သေး။ ငြိမ်းတို့အိမ်က နှစ်ထပ်တိုက်နှင့် သပ်သပ်ရပ်ရပ်လေးဖြစ်သည်။ ခြံရှေ့တွင်နှင်းဆီပင်တွေကို စီတန်းပြီးစိုက်ထားသည်။နောက်ဘက်တွင်တော့ သီးပင်စားပင်တွေ အမျိုးအစားနည်းနည်းစီ ဘောင်ဖော်ပြီးစိုက်ထားတာကြောင့် အိမ်ကစိုစိုပြေပြေလေးနှင့် နေချင်ဖွယ်။

စားစရာတွေကိုပြင်ဆင်နေတုန်းမို့ မီးဖိုဆောင်ထဲဝင်ပြီး ပြင်ကူလိုက်သည်။ ဘုန်းဘုန်းဝိုင်းကိုချဖို့ သစ်သီးပြင်နေတုန်း ငြိမ်း၏အမေ ဒေါ်ငြိမ်းမေကရောက်လာသည်။  ရှင်းသန့်ဖြူပြုံးပြီးနှုတ်ဆက်လိုက်သည်။ ဘာစကားမှတော့မပြောဖြစ်ကြ။

သစ်သီးပွဲအပြီး အစိမ်းကြော် ကြော်ရန်ဟင်းရွက်တင်နေတုန်း ငြိမ်းကပါရောက်လာသည်။ တစ်ခြားသူတွေကတော့ တစ်နေရာစီသူ့အလုပ်နှင့်သူ အုပ်စုဖွဲ့၍ ရယ်ရယ်မောမောနှင့် ပြင်ဆင်နေကြသည်။ အိမ်နီးနားချင်းတွေပဲရှိ၍ ပြောဆိုကြတာကအားမနာတမ်း။ တစ်ခါတစ်ခါမိန်းမကြီးတွေ တစ်ယောက်ကိုတစ်ယောက် စနောက်ကြသည့်ဟာသတွေကိုကြားမိပြီး ရှင်းသန့်ဖြူရော ငြိမ်းတို့သားအမိပါ ရောယောင်ကာ ရယ်မိကြသည်။

"ဒါနဲ့သမီးကကျောင်းဆရာမဆို ခုဘယ်မှာတာဝန်ကျနေတာလဲ။ ငြိမ်းက သမီးအကြောင်းကိုပြောပြပြီးကတည်းက သမီးကိုတွေ့ချင်နေတာ။ ကျေးဇူးပါသမီးရယ် ငြိမ်းကိုဆုံးမပေးလို့ ။နောက်မို့ဆို ဒီကလေးမခုထိ အိမ်ကိုရွဲ့နေဦးမှာ။"

ငြိမ်းကသူ့အမေလက်မောင်းကို ခေါင်းနှင့်တိုးဝှေ့ပြီးချွဲနေသည်။

"အမေ့သမီးကခုတော့ ဆရာကောင်းနဲ့တွေ့ပြီး သမီးအလိမ္မာလေးဖြစ်နေပါပြီနော်။ ဟွန့်...သူ့သမီးကိုလူကြားထဲအရှက်ခွဲပြန်တော့မယ်။"

"အမလေးလေး သူကပဲပြောရသေးတယ်။"
သားအမိနှစ်ယောက်အချင်းချင်းစနေကြတာကို ပြုံးပြီးသာကြည့်နေလိုက်သည်။ လူကြီးတွေနှင့်စကားပြောရင် ဆင်ခြင်ရမည်။ပြီးတော့ အရမ်းလည်းမရင်းနှီးတာကြောင့် မေးတာသာဖြေလိုက်မည်။

Why! ongoing/unicode(GL)Donde viven las historias. Descúbrelo ahora