27🚫

4.3K 203 50
                                    

(A:N ကိုယ်သင်္ချာမတော်ပေမယ့် အရှင်းဆုံးဖြစ်အောင်ရေးပေးထားပါတယ်နော် ဒါနဲ့ဘေးကအဝိုင်းနီလေးမြင်ပြီးပျော်သွားကြတယ်မို့လား။ သိသားပဲ why!readerလေးတွေက နှာဗူးလေးတွေ🤣)

ရှင်းသန့်ဖြူ ကြည့်ရင်းပင် သူ့ကိုတို့ထိနေသည့် လက်ချောင်းလှလှလေးများကိုမနာလိုလာသည်။ သူ့လက်ကျသေးသည့်အထဲပါပြီး သွယ်ပေမယ့် ထိုက်တော်ဝင်နဲ့ယှဥ်ရင် အင်း.....ဘယ်လောက်ရှိလောက်မလဲ။

တွေးရင်းလက်ကအလိုလို သူ့ပေါင်ပေါ်ရောက်နေသည့်လက်ကိုဆွဲယူပြီး သူ့လက်နှင့်အရှည်တိုင်းလိုက်သည်။

အာ! တစ်ဆစ်ကျော်တောင်ကွာတာပဲ။ အဲ့လောက်ကွာမှတော့လှပြီပေါ့ ဟွန့်!

ထိုက်တော်ဝင်မှာသူ့လက်ကိုလုပ်ချင်ရာလုပ်နေသည့်ရှင်းသန့်ကိုသာ အံ့သြနေရသည်။

နေဦး...အခု...ရှင်းသန့်မူးနေတာလား။

အဲ့လိုတွေးမိလိုက်သည့်ခဏ ထိုက်တော်ဝင်မှာပြုံးရုံတင်မဟုတ်တော့ သွားပေါ်တဲ့အထိပင်ရယ်မိသည်။ အသံတော့မထွက်ရဲ။ တော်နေမူးပြီးသူ့ကိုရယ်တယ်ထင်နေမှဖြင့် ရှင်းပြလို့ရမည်မထင်။

ရှင်းသန့်ကတော့ မျက်ခုံးတွေပါတွန့်ကာ လက်ချင်းထပ်ထားသည့်နေရာကို အပီအပြင်အာရုံစိုက်ပြီး သူ့လက်သေးသေးလေးကိုလည်းအောက်ရွှေ့လိုက် အပေါ်ရွှေ့လိုက်နှင့် အလုပ်များနေပေသည်။ တစ်ချက်တစ်ချက်လည်း နှုတ်ခမ်းဆူလာသေးသည်။

ထိုက်တော်ဝင်မှာ မူးရင်လူကိုထိလိုက်ကိုင်လိုက်လုပ်တတ်သည့် သူ့ပိစိလေးကိုသာအူယားနေရသည်။ သို့ပေမယ့် ရှင်းသန့်ကမူးတိုင်းလုပ်တတ်လားလို့အတွေးဝင်လာသည့်အချိန်တွင်တော့ သူ့မှာမရယ်မပြုံးနိုင်တော့။ လက်ကိုတော့ရှင်းသန့်စိတ်တိုင်းကျ အသားယူခွင့်ပေးထားသည်မို့ ဒီတိုင်းပဲထားလိုက်သည်။

လက်တစ်ဖက်ကိုအားပြုပြီးထိုင်နေရတာမို့ ထိုက်တော်ဝင်မှာ အဆင်ပြေအောင်နေရာပြန်ပြင်လိုက်သည်။ ထို့ကြောင့်အရင်ဆုံး သူ့ကိုခွထိုင်ထားသည့်ရှင်းသန့်ကို ခါးမှထိန်းလိုက်ကာ ခန္ဓာကိုယ်သေးသေးလေးကိုကြွစေလိုက်ပြီး ထိုင်ရတာအဆင်ပြေပြီဆိုကာမှ ရှင်းသန့်ကိုပြန်ထိုင်ခိုင်းရသည်။ သူအ​နေအထားပြင်ထိုင်လိုက်တော့ရှင်းသန့်က သူကိုင်ထားသည့်လက်ကိုလွှတ်ပေးလေသည်။ ဘာမှတော့ပြောမလာ။ သူ့ကိုထိုင်ခိုင်းတော့လည်းပြန်ထိုင်သည်။ အင်း....ဟုတ်တော့ဟုတ်နေပြီဟေ့။

Why! ongoing/unicode(GL)Where stories live. Discover now