23

1.6K 153 45
                                    

ရှင်းသန့်ဖြူ ငြိမ်းအမေရဲ့အပ်ထည်အတွက်ပုံကြမ်းဆွဲနေတုန်း အခန်းထဲ မမြင်တာကြာပြီဖြစ်သည့် ထိုက်တော်ဝင်ရဲ့သူငယ်ချင်းသုံးယောက်ဝင်လာကြသည်။ အားလုံးကပကတိဖြူဖြူစင်စင်မျက်နှာလေးတွေနှင့် ချစ်စရာလေးတွေပင်။ ရှင်းသန့်ဖြူကြည့်ရသလောက် ထိုက်တော်ဝင်တို့အဖွဲ့ထဲမှာ ထိုက်တော်ဝင်နဲ့လှိုင်းရိပ်ထင်ကမျက်နှာတည်နေတတ်ပြီး နီရွက်ဝါဆိုသည့်ကလေးမကတော့ တစ်ခါတစ်လေတည်ပြီးတစ်ခါတစ်လေဖော်ရွေသည်။ သူတို့အုပ်စုထဲယှဥ်လိုက်ရင် အသေးဆုံးလိုဖြစ်နေတဲ့ လေပြေသွေးကတော့ ငြိမ်းသူဇာလင်းနှင့်ပနံအသင့်ဆုံးကလေးမပင်။ သူတို့ကလေးမသုံးယောက်နဲ့ ဘယ်လိုများခင်သွားတာလဲလို့ ငြိမ်းကိုမေးတော့ ငြိမ်းကယောင်လည်လည်နဲ့ ဟိုဝေ့ဒီဝေ့ပြီးဖြေလာတာမို့ ရှင်းသန့်ဖြူဆက်မမေးတော့။ ဆက်မေးလည်း ငြိမ်းဆီကအရူးစကားတွေကြားရမှာမို့မမေးချင်တာလည်းပါသည်။

လာတာကဟုတ်ပေမယ့် ထိုက်တော်ဝင်ကအခုအခန်းထဲမှာရှိမနေ။ ခဏကရေချိုးမလို့ပြင်နေတာကိုမြင်လိုက်တာမို့ အခန်းထဲ ရှင်းသန့်တစ်ယောက်သာကျန်ခဲ့သည်။ သူတို့သုံးယောက်ကလည်း အခန်းပေါက်ရောက်နေပြီးမှ ထိုက်တော်ဝင်မရှိလို့ ဝင်ပဲဝင်ရမလို ပြန်ပဲလှည့်ရမလို ခြေချင်းရှုတ်ကုန်ကြတော့သည်။  ရှင်းသန့်ဖြူလည်းဝင်လာတာမြင်ပြီးမှပြန်ထွက်ဖို့ပြင်နေကြသည့်ကလေးမသုံးယောက်ကို ကမန်းကတန်းလှမ်းခေါ်လိုက်ရသည်။ ကြည့်ရတာ အခန်းထဲမဝင်ရဲတာထင်သည်။

ရှင်းသန့်ခေါ်လိုက်တော့ လှိုင်းရိပ်နှင့် ရွက်ဝါကတည်တည်လေးလှည့်ကြည့်ပေမယ့် လေပြေသွေးဆိုသည့်မျောက်မလေးကတော့ခုန်ပေါက်ကာဝင်သွားလေသည်။ လေပြေရဲ့အပြုအမူကို ကျန်နှစ်ယောက်မှာသက်ပြင်းတစ်ချချခေါင်းတစ်ခါခါနှင့် နောက်မှရှေ့ဆင့်နောက်ဆင့်ဝင်လာကြသည်။ ရှင်းသန့်ဖြူပြုံးပြလိုက်ကာ...

"နေတတ်သလိုနေကြဦးနော် အမကိုစိတ်ထဲမထားနဲ့သိလား။ လွတ်လွတ်လပ်လပ်နေကြ။ အဆင်ပြေသလိုနေကြဦး။ အခန်းကနည်းနည်းရှုတ်နေလို့ ထိုင်စရာမရှိတာ အားနာတာ။ "

အချိန်က နံနက် ၁၀နါရီလောက်ရှိပြီမို့ နေကအတော်လေးပြင်းနေပေပြီ။ ရှင်းသန့်ဖြူ လုပ်လက်စကိုချထားပြီး ထိုက်တော်ဝင်ရဲ့ခုတင်ပေါ်မှာအတန်းလိုက်ထိုင်နေကြသည့်ကလေးမလေးတွေကိုကြည့်ပြီး အားနာလာသည်။ ဒါကြောင့် ခုတင်အောက်ထိုးထည့်ထားသည့်ခုံပုလေးကို ပေးလိုက်တော့ လေပြေကချက်ချင်းယူပြီးထိုင်သည်။ လှိုင်းရိပ်ကတော့ ခုတင်ကနေထကာ ထိုက်တော်ဝင်ရဲ့ပန်းချီဆွဲသည့်ခုံမှာပြောင်းထိုင်လိုက်သည်။ ရွက်ဝါကတော့ခုတင်ပေါ် ကတစ်ချက်မရွှေ့ပဲ ပထမခြေတွဲလွဲချထားရာကနေ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေသည်။

Why! ongoing/unicode(GL)Where stories live. Discover now