22

1.4K 145 35
                                    


ထိုက်တော်ဝင်ဆိုင်ကယ်စီးရင်း ဘယ်သူ့ဆီသွားရမလဲစဥ်းစားနေသည်။ မမကမြစ်ကြီးနားကနေအလုပ်ကိစ္စနဲ့ပြန်သွားပြီမို့ ဒေါ်လေးအိမ်ကိုလည်းမသွားချင်။ လှိုင်းရိပ်တို့ကလည်းအခုအချိန်ဆိုအိပ်နေလောက်သည်။ ညနက်တဲ့အထိဂိမ်းဆော့ပြီး မနက်နှင့်ညမှားအိပ်ကြသည့် သူ့သူငယ်ချင်းတွေကိုလည်းအိပ်ရေးမပျက်စေချင်။ ထိုက်တော်ဝင်စဥ်းစားမနေတော့ပဲ သွားနေကျကော်ဖီဆိုင်သို့သာမောင်းထွက်လာခဲ့လိုက်သည်။

အဆောင်အခန်းထဲမှာတော့ ရှင်းလွင်တစ်ယောက်သာအိပ်ပြီးကျန်ခဲ့သည်။ ရှင်းသန့်ကငြိမ်းသူဇာလင်းအိမ်လိုက်သွားတာမို့ အခန်းထဲရှင်းလွင်နှင့်နှစ်ယောက်တည်းမနေချင်။ သူ့လိုပဲ ရှင်းလွင်လည်းနေချင်ပုံမရတာမို့ ထွက်လာလိုက်တာအကောင်းဆုံးပင်။ ထိုက်တော်ဝင်စိုးရိမ်မိတာက ရှင်းလွင်ကရှင်းသန့်အပေါ်ဘယ်လိုသဘောထားမလဲဆိုတာကိုဖြစ်သည်။ သူ့ကိုတော့ဘယ်လိုသဘောထားပါစေ ဂရုမစိုက်။ ဒါပေမယ့်ရှင်းသန့်ကိုတော့ ပတ်ဝန်းကျင်ကထိုးနှက်မည့်စကားလုံးတွေနှင့်မနာကျင်စေချင်ပေ။

ငြိမ်းအိမ်ရောက်တာနှင့် ငြိမ်းအမေကဝမ်းသားစွာပင်ဧည့်ခံပေးသည်။

"အန်တီက သမီးလိုက်မလာလောက်ဖူးလို့တောင်ထင်နေတာ။ စာမေးပွဲလည်းနီးနေတော့။"

ရှင်းသန့်ကဘာမှမပြောမိပဲ ပြုံး၍သာနေမိသည်။ ငြိမ်းကတော့ဧည့်ခံထားသည့်မုန့်တွေ တစ်ခုပြီးတစ်ခုပါးစပ်ထဲ တမြုံ့မြုံ့ကောက်ထည့်နေသည်။ ငြိမ်းအမေကတော့ သူ့သမီးအကျင့်ကိုသိပုံရသည်။ တားလာတာမျိုးမရှိပဲ လျှော့သွားသည့်မုန့်နေရာမှာထပ်ဖြည့်ပေးသည်။ ပြီးမှ ငြိမ်ထိုင်နေသည့် ရှင်းသန့်ဘက်ကိုလှည့်လာကာ...

"သမီးစားပွဲခင်းတစ်ဆက်စာထိုးဖို့အဆင်ပြေလား။ အန်တီကလက်မှုပစ္စည်းတွေဆိုအရမ်းကြိုက်တော့ အဲ့တာအိမ်ကစားပွဲမှာအလှခင်းမလို့လေ။ စျေးကတော့သမီးသဘောပဲသတ်မှတ်လို့ရတယ်နော်။ အန်တီကသမီးလက်ရာလေးကိုသဘောကျလို့။ အခုကစက်ထိုးတွေပဲသုံးကြတာများတယ်လေ။ အန်တီကစက်ထိုးတွေမကြိုက်လို့ပါ။ သမီးအဆင်ပြေလား။ ရက်ကဘယ်လောက်​​ကြာကြာရတယ်။ သမီးဘက်ကအဆင်ပြေမှပါ။"

Why! ongoing/unicode(GL)Waar verhalen tot leven komen. Ontdek het nu