7

1.4K 126 4
                                    

ငြိမ်းသူဇာလင်း ထိုးမုန့်၏ဆွဲဆောင်မှုကြောင့် မနက်၇ခွဲလောက်ကိုနိုးလာသည်။ ဒီနေ့မှ အချိန်မမှန်ဆာလာသည့်ဗိုက်ကြောင့် ခုတင်ပေါ်ကခုန်ဆင်းလိုက်ကာ ရှင်းသန့်အခန်းကိုသွားရန်ပြင်လိုက်သည်။

အာ..လက်ဆေးရဦးမှာပဲ။ နေပါစေတော့ သူ့အခန်းမှဆေးတော့မယ် အာဟ! ထိုးမုန့်တော့လာထားအဝဆွဲပစ်မယ် ။ငါလာပြီရှင်းသန့်ရေ။

အခန်းကထွက်လိုက်တော့ မြင်ကွင်းထဲဝင်လာတာက မျက်လုံးထောင့်စွန်းကနေလှမ်းမြင်နေရပြီး ထိုးထိုးထောင်ထောင်အရပ်တွေနှင့်အဆောင်ဝန်းထဲဝင်လာသည့် ထိုက်တော်ဝင်၏ သူငယ်ချင်းသုံးယောက်။လှေကားနားကို စကားပြောရင်းလျှောက်လာတာ​ပင်။ ၃ယောက်လုံးရဲ့အရပ်က ရှည်ပေမယ့် မတိမ်းမယိမ်းလေးတွေ။

အမယ်! ကြည့်လိုက်တော့လည်း တစ်အုပ်စုလုံးက အရပ်ရှည်ရှည်ချောချောလေးတွေပဲဟ။

ငြိမ်းသူဇာလင်းရပ်ကြည့်နေတုန်းမှာပင် ဘေးကနေဖြတ်လျှောက်သွားသည်။ ကောင်မလေးချောချောလေးတွေကိုကြည့်နေရင်းမှာပင် ရုတ်တရက်ထိုးမုန့်ကခေါင်းထဲ ရောက်လာသည်။

သူတို့တွေသာ ထိုးမုန့်ကိုတွေ့သွားရင် ဝေစားမျှစားကြီးဖြစ်ကုန်မှာပေါ့။ မဖြစ်ဘူး မဖြစ်ဘူးဟ ငါ့စိတ်ကြိုက်ထိုးမုန့်တွေကိုအရင်ရွေးထားပြီးမှ ကျန်တဲ့သူကိုပေးမှာပေါ့။

ကြည့်လိုက်တော့ သူတို့အုပ်စုကလှေကားအကွေ့ကိုပင်ရောက်တော့မည်။

"ဟေ့ ဟို ၃ယောက်။ "

အော်လိုက်တော့ လှေကားအောက်နားမှာ ခါးထောက်ရပ်နေသည့် ငြိမ်းသူဇာလင်းကို စုပြုံကြည့်လာကြသည်။ ပြီးတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြပြီး သူတို့ကိုလားဆိုသည့်အကြည့်တွေနှင့်မေးလာသောကြောင့် ခါးထောက်ရင်းပင်ခေါင်းငြိမ့်ပြလိုက်သည်။ ပြီးနောက် ၇ထစ်လောက်သာရှိသည့် လှေကားပေါ်သို့တက်သွားလိုက်ရင်း...

"နင်တို့တွေက ဟိုအကောင်ထိုက်တော်ဝင်ရဲ့သူငယ်ချင်းတွေမို့လား။ "

"ဟုတ်ပါတယ် ဒါနဲ့အမကဘယ်သူလဲ။"

ငြိမ်းသူဇာလင်းအရပ်က ၅'၃"ဖြစ်ပေမယ့် သူတို့တွေကိုတော့မော့ကြည့်ရတာပင်။ ရှည်လိုက်တာ အနည်းဆုံး ၅'၇" လောက်တော် ပျမ်းမျှရှိကြမယ်ထင်တယ်။

Why! ongoing/unicode(GL)Where stories live. Discover now