26

1.6K 160 35
                                    

ရှင်းသန့်ဖြူ တစ်ခါတစ်လေ ထိုက်တော်ဝင်ကိုရယ်ချင်၏။

သူ့အပေါ်တစ်ခုခုကျူးလွန်မိတဲ့ကိစ္စတွေဖြစ်သွားပြီဆို ထိုက်တော်ဝင်ကသူ့နားမကပ်တော့။ စကားပြောလာခြင်းလည်းမရှိပဲ အကွာအဝေးတစ်ခုခုကနေ မျက်ဝန်းထဲကတစ်ဆင့်အဓိပ္ပါယ်ဖော်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေယိုဖိတ်နေတဲ့ပုံစံနဲ့ ငေးကြည့်ရင်ကြည့် မဟုတ်လည်း တိတ်တဆိတ်သာအလုပ်တွေဝင်ကူတတ်သည်။ အဲ့လိုဝင်ကူတုန်းလေး နှစ်ယောက်အနေနီးသွားပေမယ့် ထိုက်တော်ဝင်တို့ကအကြည့်လေးတစ်ချက်တောင်စွေစောင်းခြင်းမရှိတတ်ခဲ့။

အခုလည်းဘေးကနေခေါက်ဆွဲပြုတ်ပေးရင်းသူ့ဘာသာနေတတ်သလိုနေသည်။ သူကအဲ့လိုနေတတ်ပေမယ့် မနေနိုင်တာကကိုယ်တိုင်ပင်။ တကယ်က ရှင်းသန့်ဖြူမှာအစတည်းကသီးသန့်နေတတ်တဲ့အကျင့်ရှိတော့ ထိုက်တော်ဝင်နဲ့အဲ့လိုမခေါ်တော့ရင် သူလည်းဘယ်ကစပြောလို့ပြောရမှန်းမစဥ်းစားတတ်။ စဥ်းစားပေမယ့်လည်း ပါးစပ်ဖျားမှာတင်ပျောက်သွားပြီး တကယ့်လက်တွေ့မှာတော့ တစ်လုံးတစ်လေတောင်အပြင်ကိုထွက်လာခြင်းမျိုးမရှိ။

ရယ်စရာတော့ကောင်းသား။ ချစ်သူရည်းစားတွေလို့တရားဝင်မပြောနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်မခေါ်မပြောရရင်မနေနိုင်ကြ။ အဲ့လိုဆိုပေမယ့်လည်း တစ်ခါဖြစ်ရင် စကားမပြောတဲ့ရက်ကအနည်းဆုံး တစ်ပတ်ကျော်သွားတတ်သည်။ အခုလိုရက်မခြားပဲအနေနီးသွားတာတောင် ကျေးဇူးရှင်မမ​လေးငြိမ်း၏ကောင်းမှုကြောင့် spicyလုပ်ရင်းအတူကပ်ခွင့်ရတာပေ။

အမှန်အတိုင်းပြောရရင် ထိုက်တော်ဝင်သူ့ရဲ့အစိတ်အပိုင်းအကုန်လုံးကိုမြင်ပြီးကတည်းက ရှင်းသန့်ဖြူသိပ်မရှက်တော့။ ကိုယ်ကသူ့ကိုအိမ်ထောင်ဖက်တစ်ယောက်လိုသဘောထားတာကြောင့် ထိုက်တော်ဝင်သူ့ကိုဘာလုပ်လုပ်ကြည်ဖြူသည်။ ဒါပေမယ့်သူ့ရဲ့ လဒမလေးကသူခွင့်ပြုချက်မရသေးတော့ အမြဲတမ်းလမ်းတစ်ဝက်မှာပဲရပ်ပစ်လိုက်တာများသည်။ ကောင်းခန်းရောက်ပြီဆိုမှ ပိုင်ပိုင်နိုင်နိုင် တိခနဲရပ်ချပစ်တာ။ အဲ့လိုရပ်ပစ်လိုက်ရင်သူကလည်းမနေတတ်တော့ ထိုက်ကိုမျက်နှာချင်းမဆိုင်ရဲလို့အမြဲတမ်း ထပြေးရက်နှင့်ကြုံရ၏။

Why! ongoing/unicode(GL)Where stories live. Discover now