16

1.6K 133 10
                                    


"ဟဲ ဟဲ"

အခန်းဝင်လာတည်းက ပြုံးဖြီးနေသည့်မျက်နှာနှင့် သူ့ကိုစိုက်ကြည့်နေသည့်ငြိမ်းကြောင့် ရှင်းသန့်ဖြူ စိတ်လေရ၏။ ဘယ်လိုဆိုဆို ငြိမ်း ထိုက်တော်ဝင်သူ့ပါးကိုနမ်းနေတာတော့ မြင်သွားမှာသေချာတယ်။ အားလုံးဂြိုလ်မွှေလိုက်တာက ငြိမ်းဆိုပေမယ့် နောက်ဆုံးခံလိုက်ရတာကသူ။

ရှင်းသန့်ဖြူ မျက်နှာသေပုံစံနှင့် ဘာမှမဖြစ်ခဲ့သလိုပင် ငြိမ်းထံလျှောက်သွားလိုက်သည်။ မသွားလို့မရ သူ့နေရာကငြိမ်းဘေးမှာ ရှိနေသည်လေ။ အမှန်အတိုင်းပြောရရင် ရှင်းသန့်ဖြူ ဘယ်သူ့ကိုမှမျက်နှာချင်းမဆိုင်ရဲ။ အခုလိုအခြေအနေမျိုးကို ကြုံတွေ့ရမယ်လို့ တွေးတောင်မတွေးမိခဲ့။ သူ့ရဲ့ပထမဆုံး ရင်ခုန်မိတဲ့သူက ထိုက်တော်ဝင်ဆိုတဲ့ လဒမလေးတဲ့လား။ ဘယ်ကတည်းကရင်ခုန်နေလဲ သူမရိပ်မိပေမယ့် ထိုက်တော်ဝင်သူ့ကို ကန့်လန့်တွေ စိတ်တိုစရာတွေပြောခဲ့တုန်းကလည်း မုန်းတော့မမုန်းခဲ့ဘူးပေ။ အဲ့အစား အခန်းဖော်ဆိုသည့်ခင်မင်မှုလေးနှင့် ထိုက်တော်ဝင်ပြန်တာ
နောက်ကျတဲ့အခါမျိုး၊ မန္တလေးကိုပြန်သွားတဲ့တစ်လျှောက် မသိစိတ်ကနေ ထိုက်တော်ဝင်အတွက်စိတ်ပူခဲ့တာတော့ရှိသည်။

ငြိမ်း ထိုက်တော်ဝင်သူ့ကိုလိုက်ပို့တာကို ပြတင်းပေါက်ကနေ မရမက ခေါင်းပြူပြီး ချောင်းကြည့်နေတာကို ဆိုင်ကယ်ဆင်းလိုက်တုန်းကမြင်ခဲ့ရသည်။

ထိုင်ခုံနေရာမှာထိုင်လိုက်တော့လည်း ဝင်လာတည်းက တစ်လျှောက်လုံး ကြည့်နေခဲ့သည့်ငြိမ်းမျက်လုံးက သူ့ဆီကခုထိမဖယ်ရသေး။ စပ်စုချက်။

ရှင်းသန့်ဖြူတမင်မသိချင်ယောင်ဆောင်လိုက်ပြီး ရှေ့တည့်တည့်ကြည့်နေလိုက်သည်။ အခုချိန် ငြိမးကို စကားဘယ်လိုပြောရမလဲသူမသိ။ ပြောဖို့လည်းမရဲ။

ငြိမ်းသူဇာလင်းထိုင်လိုက်တည်းက သူ့ကိုတမင်မကြည့်သည့် ရှင်းသန့်ကို ရယ်ချင်နေသည်။ ထိုက်တော်ဝင် ရှင်းသန့်ပါးကို နမ်းနေတာ သူဖြတ်ခနဲတွေ့လိုက်သည်လေ။ ဒီမြင်ကွင်းနဲ့တင် သူ့အတွက်က လုံလောက်ပါပြီ။ ရှင်းသန့်က ထိုက်ကိုဘယ်လိုတွေးလဲမသိပေမယ့် သူမ ကတော့ အပျော်ကြီးပျော်နေရပြီ။

Why! ongoing/unicode(GL)Where stories live. Discover now