32

1.1K 104 17
                                    

"ရှင်းသန့်!!!"

အိမ်ရှေ့မှာအော်ခေါ်နေသံလိုကြားလိုက်တာကြောင့် ရှင်းလွင် ကိုယ့်အိမ်ရှေ့ဟုတ်မဟုတ် စစ်ဆေးရန် အိပ်ခန်းမှထွက်လာလိုက်ကာ တံခါးဘောင်ကိုကာထားရင်း အရှေ့ကိုချောင်းကြည့်လိုက်သည်။ ကိုယ့်အိမ်မဟုတ်ရင်တိတ်တိတ်လေးပြန်ဝင်သွားမလို့ပေမယ့် အရှေ့မှာက အမရဲ့သူငယ်ချင်းအုပ်စုကရောက်နေကြသည်မို့ ရှင်းလွင်မှာမထွက်ပဲမရတော့။ ဖွာလန်ကြဲနေသည့်ဆံပင်တစ်ချို့ကို သပ်ရပ်လိုသပ်ရပ်ငြားလက်နှင့်ပင့်တင်လိုက်၏။ ပြီးနောက် အိုက်လွန်း၍ရင်ဘတ်အပေါ်ထိပင့်တင်ထားသည့် t-shirtအညိုလေးကို ကြည့်ပျော်ရှုပျော်လေးဖြစ်အောင် ပြန်ဆွဲချလိုက်ရသည်။ အိမ်ရှေ့သွားပြီး တံခါးသွားဖွင့်ပေးလိုက်ကာ....

"ဟုတ်.....မမကမရောက်လာသေးဘူး။ ခဏနေလောက်တော့ရောက်တော့မှာပါ။ အထဲအရင်ဝင်နှင့်ကြဦးလေ။"

ဆိုင်ကယ်ကိုယ်စီ အထုပ်ကိုယ်စီနှင့် ရောက်လာကြသည့် မမ၏သူငယ်ချင်းအုပ်စုကိုကြည့်ကာ ရှင်းလွင်စပ်စုလိုက်သည်။ အိမ်ရှေ့မှာသရက်ပင်အုပ်လိုက်ရှိတာမို့ အဖေက ခုံတန်းလေးရိုက်ထားတာရှိ၏။ ရှင်းလွင်ပင်ပြောစရာမလို ရောက်လာကြသည့်ဧည့်သည်များကတော့ ထိုခုံတန်းလေးပေါ်တွင် နေရာလုပြီးတက်ထိုင်နေကြပေပြီ။ အမရဲ့သူငယ်ချင်းတွေက အသက်သာကြီးကြတာ သူငယ်ချင်းတွေနှင့်ဆုံလိုက်ရင် ကလေးလိုစိတ်တွေဖြစ်သွားကြတာများသည်။ ငယ်ငယ်တည်းကသိလာတဲ့သူတွေမို့ အားမနာကြတော့ အားနာဖို့သတိတောင်ရကြလားပါ့။ ထိုအထဲအမခတ္တာချိုက ရှင်းလွင်ကိုမေးလာသည်။

"ရှင်းလွင် နင့်အမကမရောက်သေးဘူးလားဟ! ပြောတော့ထွက်လာပြီ ရောက်တော့မှာဆိုလို့ ငါတို့မှာဝေယံအိမ်ကနေချက်ချင်းပြေးလာလိုက်ရတာ။"

ဒီနေ့က စနေနေ့ ကျောင်းပိတ်ရက်ပေမို့ သူတို့သူငယ်ချင်းတစ်တိုက် လူစုပြီးမုန့်လုပ်စားကြတော့မည်။ ထို့ကြောင့် ရှိသမျှလူကိုစုံနိုင်သလောက်စုံအောင်စုကြပြီး ပျော်ကြဖို့ပြင်နေကြသည်။ မမကျောင်းကပြန်ရောက်တာ တစ်လကျော်သွားပြီပေမယ့် အိမ်ကိုတောင်မလာအား။ သူ့အလုပ်နှင့်သူပင် ယားလို့မှမကုတ်အား။ သင်ခန်းစာတွေနောက်ကျလို့ အချိန်ပိုတွေပင်ခေါ်နေရသည်လို့တော့ပြောပြ၏။

Why! ongoing/unicode(GL)Where stories live. Discover now