11

1.3K 136 2
                                    


"ထိုက် ထမင်း စားစို့။ငြိမ်းက ညနေမှစားမှာ သူ့အတွက်ခွဲပေးထားတယ် လာစားတော့လေ။ နှစ်ရာရီတောင်ကျော်နေပြီ။ "

ထိုက်တော်ဝင် ထမင်းစားဖို့ပြင်နေသည့်ရှင်းသန့်ဖြူကိုကြည့်လိုက်သည်။ တီရှပ်အဝါရောင်အပွနှင့် ဘောင်းဘီရှည်အပွကိုဝတ်ထားပြီး ဆံပင်တွေကိုတော့ ခေါင်းလျှော်လိုက်လို့ ချထားသည်။ တစ်ချက်တစ်ချက်ရှေ့ကျလာသည့်ဆံပင်တွေကိုလည်း စိတ်မရှည်စွာနောက်ကို ပို့နေသေးသည်။ သူလည်းပန်းချီကို အပြီးသပ်ကာ စားဖို့ပြင်တော့၏။

" ခါတိုင်းလဲနေ့လယ်ဆိုတစ်ယောက်တည်းစားတာလား။"

"အဲ့လိုလည်းမဟုတ်ပါဘူး။ ဒါမယ့်တစ်ယောက်တည်းစားဖြစ်တာများပါတယ်။ ညစာကတော့ငြိမ်းနဲ့စားတာပေါ့။ နင်ကောဘယ်မှာစားလဲ။"

ထမင်းဝါးနေရင်းပင်အပြန်အလှန်စကားပြောနေကြတာဖြစ်သည်။ ကြက်သားချက်နှင့် အလွယ်တကူလုပ်လို့ရသည့် စွန်တန်ဟင်းရေကိုတွဲစားရတာ တစ်မျိုးကောင်းသည်။ ရှင်းသန့်ဖြူက ဟင်းစားမြိန်အောင်လည်းရွေးတတ်၏။

"အင်း...တစ်ခါတစ်လေ ဒေါ်လေးခေါ်သွားရင်စားဖြစ်တယ်။ ပြီးတော့ လှိုင်းရိပ်တို့နဲ့လည်းဝယ်စားလိုက်တယ် ဒီလိုပါပဲ။ ထမင်းဆိုပြီးသတ်သတ်မှတ်မှတ်စားတာမျိုးတော့မဟုတ်ပါဘူး။ "

"အော်...စား.များများစား ကြက်သားတွေအကုန်လုံးချက်ပစ်လိုက်တာ။ ဝယ်လာတာနဲ့ ငြိမ်းအိမ်ကယူလာတာတိုက်သွားလို့ တော်တော်များနေတာ ။ အသားက ကြာကြာထားရင်မကောင်းလို့။ "

ထိုက်တော်ဝင်ကတော့ ပါးစပ်ပလုတ်ပလောင်းနှင့် ဝါးနေရင်းပင် စကားတရစပ်ပြောနေသူကိုကြည့်နေမိသည်။ ရှင်းသန့်ဖြူက စကားများတတ်လား သူမြင်တာတော့အများအားဖြင့်တည်ငြိမ်နေတာကြောင့် ရှင်းသန့်ဖြူရဲ့ အကျင့်တွေကိုသိပ်မသိ။ စကားပြောလို့ နင်သွားတာမျိုးမရှိပဲ အေးဆေးပြောနေတာပင်။ ဒါကသူနဲ့ပထမဆုံးထမင်းစားဖူးခြင်းပေ။

"အော်ဟော်....နှစ်ယောက်သားစားနေကြပြီပေါ့။ "

"အယ်!  ငြိမ်း...စောလှတယ်။ "

Why! ongoing/unicode(GL)Where stories live. Discover now