👏

1.2K 102 23
                                    

ပထမပြောဖို့အစီအစဥ်မရှိပေမယ့် အပိုင်း၂၇တင်ပြီးတော့ပြောချင်ပါတယ်။

အစမှာတင် ကိုယ်ကသင်္ချာမတော်ဘူးလို့ပြောပြီးသားပါနော်။ ပြီးတော့ကိုယ့်အကျင့်ကsexဘက်အရမ်းရောက်နေရင်မကြိုက်ပါဘူး။ ဒါတွေကြောင့်သင်္ချာမကျွမ်းတာလည်းမပြောနဲ့🤕။ ကိုယ်wpစသုံးတည်းက sexဘက်အရမ်းရောက်လွန်းရင်မဖတ်တာပါ။ ဒါတော့စိတ်ကြိုက်ရွေးချယ်ခွင့်ပေါ့နော်။

ပြီးတော့ficထဲမှာအသုံးအနှုန်းတွေကလည်း dirty talkတွေမသုံးထားပါဘူး။ ကိုယ်တိုင်လည်းအပြင်မှာမသုံးတာပါ။ ကိုယ်အရမ်း ထိန်းမနိုင်လောက်အောင် စိတ်တိုတဲ့အခါမျိုးမှ တစ်လုံးတစ်လေထွက်တတ်တာမျိုးပါ။ လူရိုးလေးပါနော်😁။ ဒါ​ကြောင့် ဒီလိုအကြောင်းတွေပါလာတဲ့အခါ ကိုယ့်အကျင့်အတိုင်းပဲရေးပါတယ်နော်။ readerတွေထဲမှာလည်း + သီးသန့်ဖတ်ဖူးတဲ့သူတွေရှိချင်ရှိမှာပါ။ ဒါကြောင့်မို့ ကိုယ့်အရေးအသားတွေကအလိုမကျမှုတွေဖြစ်လာစေခဲ့ရင် ကိုယ့်ရဲ့အားနည်းချက်ပါလို့။

နောက်တစ်ချက်က ထိုက်တော်ဝင်နဲ့ရှင်းသန့်ရဲ့ တစ်ယောက်နဲ့တစ်ယောက်ခေါ်ဆိုပုံတွေပါ။ ထိုက်တော်ဝင်ကရှင်းသန့်ကို နာမည်တပ်ခေါ်တာအားလုံးအသိပါ။ အဲ့လိုခေါ်ရတာ ကိုယ်တွေထိုက်တော်ဝင်မှာအကြောင်းရှိပါတယ်နော်။ သူကရှင်းသန့်ကိုတစ်ခြားအတွဲတွေလို သဲတို့ချစ်တို့မခေါ်ပါဘူး။ ထိုက်တော်ဝင်က 'ရှင်းသန့်'လို့ခေါ်လိုက်ရင် သူခံစားရတာက သူ့တစ်ယောက်တည်းအပိုင်ကရှင်းသန့်ပေါ့ အဲ့လိုခံစားမှုမျိုးကထိုက်တော်ဝင်ကိုအမှန်အကန်ကို ပျော်ရွှင်စေတာပါ ပြီးတော့အဲ့လိုခေါ်လိုက်တဲ့အပေါ် ရှင်းသန့်အတွက်သူ့ခံစားချက်တွေကရောပါနေပြီးသားပါ။ ရှင်းသန့်လို့တစ်ခေါက်ခေါ်လိုက်တိုင်း ဒီနာမည်ပိုင်ရှင်လေးဟာ သူ့အပိုင်ပါလား သူ့ကိုလက်ခံပေးခဲ့တဲ့ သူမြတ်နိုးတဲ့ပိစိလေးပါလားလို့တွေးမိလို့ပါ။ တော်နေ ကိုယ့်ထိုက်ကလေးကိုအရိုင်းအစိုင်းလို့ထင်နေကြမှာစိုးလို့😌။ ဒါကြောင့်အစတည်းက ထိုက်တော်ဝင်က ရှင်းသန့်လို့ပဲခေါ်တာပါ။ နောက်ပိုင်းတစ်သက်လုံးအဲ့လိုပဲခေါ်မှာပါနော်။ သူကရှင်းသန့်ကိုအရမ်းတန်ဖိုးထားတာကိုး။

ပြီးတော့ရှင်းသန့်က ထိုက်ကိုချစ်စနိုးနဲ့နာမည်ပြောင်လေးပေးထားပါတယ်နော်။ သိချင်ရင်အစကနေပြန်ဖတ်လိုက်ကြ🤣။ စတာ စတာ။ မ​ပြောလည်းသိကြတယ်မို့လား😁။ ယူတို့သိပေမယ့် ကိုယ်တွေထိုက်ကလေးတော့မသိရှာသေးဘူး.... ကျွတ်! ကျွတ်! ကျွတ်!။

တကယ်က ကိုယ်ကမန့်တွေပြန်ရင်သာ အပျော်သဘောနဲ့စနောက်တတ်တာပါ။ အပြင်မှာဆိုစကားပြောတာက ပုံမှန်အတိုင်းပြောရင်ကို ဂျွတ်ဆပ်ဆပ်ပါနော်😔။ ကြားထဲလေသံကမာနေသေး😥။ မသိတဲ့သူတွေကိုဆို လေသံမာမာကြီးနဲ့ပြောတာ တစ်ခါတစ်လေဆို တစ်ဖက်လူပါလန့်တယ်။

ပြောချင်တာရှိပါသေးတယ်။ ကိုယ်ကနုရွချွဲပစ်နေတာမျိုးကိုလုံးဝခံစားလို့မရပါဘူး။ နုရွတာတွေက ကိုယ်နဲ့တကယ်မကိုက်တာပါ။ အဲ့တာကြောင့်ကိုယ့်ဇာတ်ကောင်တွေကလည်း နုနုရွရွလေးတွေပြောတတ်မှာမဟုတ်ပါဘူးနော်။ ဘာလို့ဆိုသူတို့လေးတွေရဲ့ဂေါင်ချုပ်ကြီးက လူကြမ်းကြီးမို့ပါလို့ ဟုတ်🤧။

ဒါပါပဲ တစ်ခြားပြောစရာတွေရှိရင်လည်း ဒီနေရာမှာပဲရင်လာဖွင့်မယ်နော်။ နားထောင်ပေးကြမယ်မို့လား။ သာသာကိုရက်စက်ကြပါနဲ့လို့😭😭😭 မတရားသနားစရာကောင်းတာ😪။ ဘဝကြီးကသာယာမနေဘူးရယ်.......bb။

🥑/11:11:21/thu/9:52(a.m)

Why! ongoing/unicode(GL)Where stories live. Discover now