15

2K 140 11
                                    

မနက်ထကတည်းကထိုက်တော်ဝင်ပျောက်နေသည်။ လှိုင်းရိပ်တို့နဲ့သွားတွေ့တယ်လို့သာထင်လိုက်သည်။ ခါတိုင်းလိုလည်း ဘယ်သူနဲ့သွားတွေ့တယ်လို့လည်းစာမရေးထားခဲ့။ ရှင်းသန့်ဖြူ မျက်နှာသစ်ပြီးအခန်းပြန်ရောက်သည်အထိ ထိုက်တော်ဝင်ကိုမတွေ့ရသေး။

ဘာလည်းမနက်စာမစားတော့ဘူးလား။ ကျူရှင်သွားလိုက်ပြီလား။ ဘာမှလည်းကြို မပြောထားဘူး။

"ရှင်းသန့်ရေ!!!ရှင်းသန့်....ရှင်းသန့်!!!!"

ငြိမ်းသူဇာလင်းမှာ အူယားဖားယား ပြေးလာပြီးတံခါးကိုအားနှင့်ဆွဲဖွင့်လိုက်တာကြောင့်  ရှင်းသန့်ဖြူမှာ လန့်သွားရ၏။ ခင်လာသည့်တစ်လျှောက်လုံး ငြိမ်းဒီလိုမျိုးမအော်ဖူးသေးပေ။ အော်သံကိုနားထောင်ရသလောက် အပြောင်အပျက်အော်တာမျိုးမဟုတ်ပဲ အရေးကြီးတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် ရှင်းသန့်ဖြူ နည်းနည်းတော့စိုးရိမ်သွားရ၏။

ငြိမ်းဘာဖြစ်လာပြန်တာလည်း။

ရှင်းသန့်ဖြူတွေးနေတုန်းရှိသေးသည် ငြိမ်းကမျက်နှာရှေ့ကို ဖုန်းထောင်ပြလာသည်။ ကြည့်လိုက်တော့ ရှင်းသန့်ဖြူအသက်ပင်မရှူရဲတော့။

ဘာတွေဖြစ်ကုန်တာလည်း။ ဘယ်သူကဟိုတစ်နေ့ညကဖြစ်သွားတဲ့ကိစ္စကိုရိုက်မိသွားတာလဲ။

ငြိမ်းမပြောနဲ့ သူတောင်လန့်သွားရ၏။ မြင်နေရသည့်အရာက သူနှင့်ထိုက်တော်ဝင် နှာသီးထိပ်လေးတွေထိမိနေပြီး အချင်းချင်းကြောင်ကြည့်နေမိသည့် ဗီဒီယိုဖြစ်နေသည်။ ကြည့်ရတာ အဲ့တုန်းက တစ်ယောက်ယောက်ရှိခဲ့သည်ထင်သည်။

ဘယ်သူတင်တာလဲလို့ကြည့်လိုက်တော့ မြင်နေရသည့် postတင်ထားတဲ့ Acc nameကိုကြည့်မိတော့ ယုံပင်မယုံနိုင်။

"ရှင်းသန့် ထိုက်တော်ဝင်တင်ထားတာ။ နင်တို့နှစ်ယောက် ဘယ်လိုတွေဖြစ်သွားတာလဲဟ။ အဲ့ဒါသူ့အကြံလား။ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး။ အဲ့ လဒမက အစကတည်းကဒီလိုလုပ်ချင်လို့ နင့်ကိုရောခဲ့တာနေမှာ။ သူကြွေးခဲ့တဲ့ ထိုးမုန့်တွေကိုတောင်အန်လို့ရရင် အန်ထုတ်လိုက်ချင်တယ်။ တကယ့်ကိုအကြံဆိုးနဲ့ ကပ်လာတာပဲ။ ရှင်းသန့် နင့်သိက္ခာနဲ့ဆိုင်တယ်နော် အခု  ဗီဒီယိုတွေကပြန့်ကုန်ပြီ။ 4.9kတောင်ရှိနေတယ် reactပေးတဲ့သူတွေက ပြီးတော့မန့်တဲ့သူတွေကလည်း 3kကျော်နေပြီ။ Shareတဲ့သူတွေကောပဲ အကုန်kကျော်တွေကြီးဖြစ်နေပြီ။ အခုမှလိုက်ပိတ်နေလို့လည်းမရတော့ဘူး။ လဒမက နင့်ကိုအစတည်းကမကျေနပ်လို့လုပ်တာနေမယ်။ နေဦးငါနဲ့တွေ့မယ်။ "

Why! ongoing/unicode(GL)Where stories live. Discover now