12

1.3K 130 5
                                    


စျေးရောက်တော့ လူတော်တော်များများ၏ အကြည့်ကသူတို့နှစ်ယောက်ဆီမှာသာ။ ကြည့်ရတာ ထိုက်တော်ဝင်၏ပုံစံကြောင့်ထင်ပါသည်။ အလုံးလိုလို အပြားလိုလိုဖြစ်နေသည့်ထိုက်တော်ဝင်က ဆိုင်ခန်းမှာထိုင်နေသည့် ပျိုမေလေးများကို ညှို့ယူနိုင်တာတော့အမှန်။

ထိုက်တော်ဝင်ကိုကြည့်လိုက်တော့ မျက်နှာသေနှင့် သူ့နောက်ကလိုက်လာသည်။ ဝက်သားဆိုင်ရှေ့ရောက်တော့ သုံးထပ်သားကို သူတို့အားလုံးလောက်အောင် စျေးဖိုးတွက်ထားသည့်အတိုင်းဝယ်သည်။ သူတို့တွေက ပိုက်ဆံကို ယုံယုံကြည်ကြည်အပ်ထားတာမို့ ကိုယ်ကလည်းစည်းစနစ်ကျစွာသုံးပေးရပေမည်။ ငြိမ်းနှင့် ထိုက်တော်ဝင်က ပိုက်ဆံကို ထင်သလိုသုံးနိုင်ကြသည်။ သူကတော့ ဆန်အိတ်စိုက်ထားတာကြောင့် စားရတာလိပ်ပြာလုံပါသည်။

ထိုက်တော်ဝင်ကတော့ ရှေ့ကပုပုလေးနောက်သာတကောက်ကောက်လိုက်သည်။ တစ်ခါတိုင်း ဒေါ်လေးစျေးလိုက်ခိုင်းရင်တောင် စိတ်ရှုတ်တယ်ဆိုပြီးမလိုက်။ သူ့ရဲ့ပုံစံကြောင့် မျက်လုံးပေါင်းများစွာက သူ့ကိုစိုက်ကြည့်နေတာကိုသူမကြိုက်။ လူတွေရဲ့ အာရုံစိုက်မှာကိုခံရတာ စိတ်ရှုတ်ဖို့ကောင်းသည်။ အခုတော့ သူ့ရှေ့ကပုပုလေးက သူ့ကိုစိတ်ရှုတ်မှုတွေကြားကနေကာကွယ်ပေးထားသလိုပင် စိတ်ကထင်နေမိသည်။ လမ်းသွားရင်းလည်းနောက်ကိုတစ်ချက်တစ်ချက် လှည့်ကြည့်တတ်သေးသည်။ အကြည့်ထဲမှာ အဆင်ပြေလားဆိုသည့်အကြည့်တွေကပါလာတာကြောင့် ပြုံး၍ပင်ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရှေ့မှာ ပုပုလေးရှိနေသရွေ့ သူအဆင်ပြေပါသည်။

ရှင်းသန့်ဖြူပင် ကြည့်တဲ့သူတွေက ထိုက်တော်ဝင်ကိုစိုက်ကြည့်ကြတာမှန်ပေမယ့် သူပါရောပြီးစိတ်ရှုတ်လာသည်။ မဆိုင်သည့်သူတောင် ဒီလောက်စိတ်ရှုတ်နေတာ ကာယကံရှင်ကတော့ တော်တော်စိတ်ရှုတ်မှာပဲဟု ကိုယ်ချင်းစာမိပြီး  လှည့်ကြည့်လိုက်ကာ 'အဆင်ပြေလား' ဆိုသည့်အကြည့်နှင့်မေးတော့ ထိုက်တော်ဝင်က ခေါင်းငြိမ့်ကာပြုံးပြလာသည်။ ရှင်းသန့်ဖြူစိတ်ထဲတော်သေးတာပေါ့လို့သာရေရွတ်မိလိုက်သည်။ ချောလှရတာလည်း ဒုက္ခတစ်မျိုးပါလား သွားတဲ့နေရာတိုင်း စိုက်ကြည့်ခံရတာ လွယ်တော့မလွယ်လှ။

Why! ongoing/unicode(GL)حيث تعيش القصص. اكتشف الآن