18

1.5K 128 22
                                    

မနက်ခင်းနေရောင်ကမျက်နှာတည့်တည့်ကျရောက်လာတာကြောင့် ထိုက်တော်ဝင်မျက်မှောင်ကျုတ်ရက်ပင် နိုးလာရသည်။ နာရီကြည့်လိုက်တော့ ၇နာရီခွဲတော့မည်။ တစ်ဖက်ခုတင်ကိုကြည့်လိုက်တော့ ရှင်းသန့်ကသူ့အကျင့်အတိုင်းအိပ်ရာတွေကို အစီအရီလေးခေါက်နေသည်။ ကြည့်ရတာနိုးလာတာမကြာသေးဘူးထင်သည်။

ခါးကျော်လောက်ရှည်သည့်ဆံပင်တွေကိုဖြန့်ထားပြီး ကျောပေးကာ အိပ်ရာခေါက်နေသည့် ရှင့်သန့်ဖြူသည် ညဝတ်နှင့်လည်းတစ်မျိုးချစ်စရာကောင်းနေသည်။ အရုပ်သေးသေးလေးတွေပါသည့် မီးခိုးရောင်ဝမ်းဆက်ကိုဝတ်ထားပြီး အိပ်ရာကိုထောင့်ကျိုးအောင်ခေါက်နေတာကြောင့် အနက်ရောင်ဆံပင်ရှည်တွေက ခန္ဓာကိုယ် ယိမ်းသည့်အတိုင်းလိုက်ပါသွားကြသည်။ ထိုက်တော်ဝင်လည်း အိပ်ရာမသိမ်းသေးပဲ ကြည့်ကောင်းကောင်းနှင့်ပင် ငေးကြည့်နေလိုက်သည်။

အိပ်ရာကိုသေသေချာချာခေါက်အပြီးမှာတော့ ကျောပြင်ပေါ်မှာ ဟိုရွှေ့လိုက် ဒီရွှေ့လိုက်ဖြစ်နေသည့်ဆံပင်တွေကို အရှေ့ကိုပို့လိုက်ပြီး အောက်နားကိုလိမ်ထုံးထားလိုက်သည်။ ရုတ်တရက်တစ်ယောက်ယောက်ကကြည့်နေသလိုခံစားလိုက်ရတာကြောင့် စိတ်ထဲထင်နေသည့်ဘက်ကိုလှည့်ကြည့်လိုက်တော့ ထိုက်တော်ဝင်ကခုတင်ပေါ်တွင်အခန့်သားထိုင်ကာ မိန့်မိန့်ကြီးစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ နေရောင်ကမျက်နှာကိုထိနေတာကြောင့် အိပ်ရာထစထိုက်တော်ဝင်ရဲ့မျက်နှာကို အရှင်းသားမြင်နေရသည်။ နေရောင်ကျနေသည့်နေရာတွေက ဖြူဝင်းဝါနေပြီး ကျန်သည့်ဘက်တွေကတော့အမှောင်နည်းနည်းဖုံးနေသလိုဖြစ်နေသည်။ ဒါပေမယ့်လည်းကြည့်ကောင်း၏။ အသားအရည်ကဖြူသည့်ဘက်ရောက်ပြီး မျက်နှာမသစ်ရသေးပေမယ့် အဆီတွေမရှိ။ နှာတံဖြောင့်ဖြောင့်မေးရိုးထင်းထင်းနှင့် နှုတ်ခမ်းကပန်းရောင်လေးသန်းနေသေးသည်။ ဆံပင်တွေကဆံနွယ်ဖြစ်ပြီးထူနေတာကြောင့် ဖြောင့်ဖြောင့်စင်းစင်းလေးနှင့် ဂုတ်ထိနေသည်။ ဘယ်ဘက်ကိုနားကွင်းထားတာကြောင့် နားရွက်ချွန်ချွန်ကားကားလေးကိုမြင်နေရသည်။မျက်နှာချွေးပေါက်ကျဥ်းသည်ထင်သည် အိပ်ရေးဝလို့မျက်ခွံလေးတွေအနည်းငယ်မို့နေတာကလွဲရင် မျက်နှာကလန်းဆန်းနေ၏။ အင်္ကျီက စွယ်ကျယ်လိုဖြစ်နေတာကြောင့် အဝတ်ဖုံးနေလေ့ရှိသည့် ညာဘက်ညှပ်ရိုးထက်ကမှဲ့နက်လေးကို အထင်းသားမြင်လိုက်မိ၏။

Why! ongoing/unicode(GL)Where stories live. Discover now