19

1.4K 134 14
                                    


နံနက်(၅)နာရီ ထိုးတော့ နှိုးစက်မြည်လာတာကြောင့် ရှင်းသန့်လွင် အိပ်ရာကနေ ကုန်းရုန်ထလိုက်သည်။ အမေကတော့ ဘုရားပန်းတွေလှည်းပြီး စျေးသွားဖို့ပြင်နေပေပြီ။ မှန်တင်ခုန်ရှေ့ သနပ်ခါးသွေးရင်းပင် ဆင်းလာသည့် သူ့ကိုတွေ့တော့...

"ရှင်းလွင်...ရထားစီးရင် ဘေးဘီကိုသေချာကြည့် သတိထားပြီးစီးကြားလား။ ဟိုမှာ နင့်အမစောင့်နေလိမ့်မယ်။ ပါဝါသေချာစမ်းခဲ့။ မင့်မျက်လုံးကနည်းနည်းဝေးလိုက်ရင်ကို ကောင်းကောင်းမြင်ရတာမဟုတ်ဘူး။ ကြားလား ငါပြောနေတာ။"

ရှင်းသန့်လွင်လည်း ပြီးပြီးရော အင်းလုပ်ပြီး သွားတိုက်မျက်နှာသစ်လိုက်သည်။ ပြီးနောက် မနေ့ကပြင်ထားသည့် ကျောပိုးအိတ်နှင့် အဝတ်ကိုဝတ်လိုက်ပြီး အောက်ထပ်သို့ဆင်းကာ ထမင်းအုပ်ဆောင်းကို လှန်ကြည့်လိုက်သည်။ အခုမှချက်ထားသည့် ထမင်းပူပူပေါ်တွင်ကြက်ဥကြော်တင်ထားသည်။  ကြည့်နေတုန်းအမေရဲ့အော်ပြောသံကိုကြားလိုက်ရသည်။

"အုပ်ဆောင်းထဲမှာ ထမင်းနဲ့ ကြက်ဥ
ကြော်ထားပေးတယ် စားသွား။ ရထားပေါ်မှာ ဗိုက်ဆာနေမယ်။ မင်းကရထားပေါ်မှာ မစားတတ်တာသိလို့ လုပ်ပေးထားတာ ။ ရေဘူးတွေရောပါပြီလား ။ ရထားလက်မှတ်ကိုမပျောက်စေနဲ့ ကိုယ်ဝတ်တဲ့ အင်္ကျီအိတ်တစ်ခုခုထဲမှာ သတ်သတ်မှတ်မှတ်ထည့်ထား။ အဲ့တာဆို ကျလည်းမပျောက်တော့ဘူး ထုတ်ရသိမ်းရလည်းလွယ်တယ် ငါပြောတာ နားရောနားထောင်နေရဲ့လား ရှင်းလွင်။"

"နားထောင်နေပါတယ် အမေကလည်း။"

ရှင်းသန့်လွင် ထမင်းကို မြန်မြန်စားလိုက်ပြီး ဘူတာကိုထွက်လာခဲ့သည်။ အမေကတော့ တစ်ယောက်တည်းသွားလို့ဆိုပြီး ပြောနေတာမပြီးနိုင်တော့။

၅နာရီ ၄၀လောက်ရှိပြီဆိုတော့ လင်းချင်းနေပေပြီ။ လမ်းသွားလမ်းလာတွေမရှုတ်သေးဘူးဆိုပေမယ့် အိမ်ရှေ့စျေးဆိုင်တွေတော့ ဝယ်သူတွေရှိနေပြီ။ အိမ်နှင့်ဘူတာနဲ့က ဝေးတယ်ဆိုပေမယ့် လမ်းလျှောက်သွားရင် ၁၀မိနစ်လောက်တော့သွားရသည်။ ရထားပေါ်မှာစားတဲ့အကျင့်မရှိတော့ ဘာမှလည်းမဝယ်ဖြစ်တော့။

Why! ongoing/unicode(GL)Where stories live. Discover now