9

1.4K 126 0
                                    


ပန်းရိပ်အဆောင်မှူးတွင်အခန်းတွင်...

"ကဲ ကဲ အားလုံးလည်းစုံကြပြီဆိုတော့ စကားစပြောကြတော့မလား။ "

ဒေါ်ပန်းရိပ်မှာ မဆိုင်သူတွေနှင့်သူ့အတွဲကိုယ့်အတွဲသီးခြားစီထိုင်နေကြသည့် အုပ်စုသုံးစုကိုကြည့်နေလိုက်သည်။ ကလေးတွေများ တကယ်မနိုင်ဘူး။ ပြောင်းမယ့်သုံးယောက်တည်းလာရမယ့်ကိစ္စကို တစ်အုပ်စုကြီးလိုက်လာကြတာ အခန်းပင်ပြည့်မတတ်။

"ကဲ သမီးရှင်းသန့်ကတော့ ထိုက်သဘောလို့ပြောထားတယ်။ ပြီးတော့ သမီးအေးချမ်းနှင်းကလည်းထိုက်သဘောနဲ့ပဲပြောင်းရမှာဆိုတော့ ဆိုပါဦးထိုက်တော်ဝင်။ "

ဂြိုလ်မွေမလေးလို့တော့ထည့်မပြောတော့။

"အင်း။ နောက်လကလည်းစာမေးပွဲစတော့မှာဆိုတော့ မပြောင်းတော့ဘူး။ အစကနေတဲ့သူနဲ့ပဲနေတော့မယ်။ ဘာလို့လဲဆို ရှင်းသန့် အဟမ်း! အမရှင်းသန့်နဲ့လည်းနေသားကျသွားပြီဆိုတော့ ဒီတစ်ဖြတ်တော့ဒီအတိုင်းနေလိုက်မလားလို့။ "

"....."

ရှင်းသန့်ဖြူမှာ ထိုက်တော်ဝင်ပြောင်းမယ်လို့ထင်ထားပေမယ့် မပြောင်းတော့ပါလို့ပြောလိုက်တော့ အံ့သြလျက်ပင် ကြည့်မိလိုက်သည်။

ဘာဖြစ်သွားတာလဲဟ။ ခါတိုင်း ရူးမတတ်အခန်းပြောင်းချင်နေတဲ့သူကခုတော့ နေသားဘယ်လိုကျသွားတာလဲ။ အေးလေ  သူ့အကြောင်းနဲ့သူတော့ရှိမှာပေါ့။ ဒါပေမယ့်အရေးကြီးတာက အေးချမ်းနှင်း...

တွေးရင်းပင်ကြည့်လိုက်တော့ သူလည်းအံသြ သွားဟန်ထိုက်တော်ဝင်ကို ပြူးကြည့်နေသည်။ ဖြူဖြူသွယ်ကတော့ ထိုက်ဘေးမှာရပ်နေသည့်လှိုင်းရိပ်ထင်ကို ငေးနေတာများ အိန္ဒြေပင်မဆယ်နိုင်။

အဆောင်မှူးအခန်းတွင်ရှိသည့်ခုံကရောက်လာသည့်လူအုပ်နှင့် အရေအတွက်မလောက်တော့ အဆောင်းမှူး ၊ထိုက်တော်ဝင် ၊ရှင်းသန့်ဖြူ ၊ အေးချမ်နှင်းနှင့်ဖြူဖြူသွယ်တို့သာထိုင်ခုံမှာထိုင်သည်။ ငြိမ်းကတော့ အတူမထိုင်ချင်လို့ဆိုပြီး သူ့ဘေးမှာလာရပ်နေသည်။

ကြည့်လိုက်တော့မှ အဲ့လေးယောက်သား ဒီမနက်အတော်ထူးဆန်းနေကြသည်။ ငြိမ်းကလည်း ထိုက်တော်ဝင်တို့တစ်စုလုံးကို အမြင်ကတ်သည်လို့ပြောထားပြီး ခုတော့ ဟိုကောင်မလေးသုံးယောက်နှင့် အကြည့်ချင်ဆုံနေကာပြုံးစိစိနှင့်။ သူတို့ကြားထဲတစ်ခုခုရှိနေတာတော့အမှန်။

Why! ongoing/unicode(GL)Where stories live. Discover now