29

2.5K 153 23
                                    

ရှင်းသန့်ဖြူ ရေချိုးပြီးကတည်းက  ၅၀မှာ ၄၀ ကျော်ကအပြီးသပ်အထည်တွေကိုစိစစ်နေတာဖြစ်ပြီး ဘေးမှာအစီအရီလေးတွေရှိနေကြပေပြီ။ ဖြန့်ကြည့်ပြီး တစ်ခုနှင့်တစ်ခုကြား လိုနေသည့်နေရာတွေမှာ ထပ်ဖြည့်ကာထိုးပြီးချည်တွေရှုတ်မရှုတ်တစ်ချက်စစ်ကြည့်သည်။ အရှေ့ရောအနောက်ရော ကြည့်လို့အဆင်ပြေပြီဆိုကာမှ ခေါက်ချိုးကာအထပ်လိုက်စီထားလိုက်တာဖြစ်သည်။ ဒီတစ်ခေါက်အထည်တွေမှာတော့ အဖြူနှင့်ကြံရည်စိမ်းရောင် နှစ်မျိုးကို တစ်ဝက်စီမှာလိုက်တာဖြစ်သည်။ ထို့ကြောင့်အရောင်ကနှစ်မျိုးတည်းသာရောင်းမည်။ တစ်ထည်ချင်းစီမှာပါတဲ့အဆင်တွေကမတူကြပါ။ ပန်းနှင့်အသီးတွေကိုသာ ဒီဇိုင်းထိုးတာမို့အမျိုးအစားကအရင်ကလောက်တော့မရှုတ်။ ဒါပေမယ့် ပန်းမှာချည်အရောင်တွေက အနုအရင့်ကွဲတာမို့ အရင်လိုကြမ်းပြင်မှာဖြန့်ပြီးမရိုက်တော့။ မော်ဒယ်ငှားရိုက်ဖို့ဆုံးဖြတ်လိုက်သည်။

ရှင်းသန့်ထိုးတဲ့ထဲ ပုံစံတူတာတွေကိုသပ်သပ်စီပြန်ပုံလိုက်သည်။

အင်း.....ယူကလစ်ပန်းက၁၂ထည်တောင်ထိုးမိသွားတာပဲ။ ဒါဆို...ချယ်ရီသီးက....၁၅ထည်။ နာနတ်သီးက၅ထည်ဆိုတော့...ကျန်တာက ဗရဲသီးနဲ့နှင်းဆီရယ် ခေါင်ရမ်းရယ်က ၆ထည်စီ အားလုံးစုစုပေါင်း....

ရှင်းသန့်မှာအထည်တွေပြည့်မပြည့်ရေတွက်နေတုန်းငြိမ်းက ဝင်လာသည်။

မှန်ပါသည်။ ဒီနေ့အတွက်ရှင်းသန့်ငှားမည့်မော်ဒယ်ကတော့ ငြိမ်းသူဇာလင်းဖြစ်သည်။

ဝင်လာသည့်ငြိမ်းကိုလှမ်းကြည့်လိုက်တော့ ရှပ်အင်္ကျီအဖြူကို ကြယ်သီးအပေါ်တစ်လုံးဟကာဝတ်ထားပြီး အောက်ကဂျင်းအပွနှင့်တွဲဝတ်ထားသည်။ အင်း...ဒီလိုကြတော့လည်း ပြောစကားနားထောင်သားပဲ။

ငြိမ်းအကြောင်းသိလို့စပြောလိုက်ကတည်းက လုံလုံခြုံခြုံဝတ်ဖို့တစ်ခါတည်းပြောလိုက်တာဖြစ်သည်။ ငြိမ်းကခါးတိုအကျပ်လေးတွေကြိုက်မှန်းသိတော့ဝတ်လာမှာသိလို့ပင်။ ငြိမ်းကတော့ သူပြောလိုက်တာကိုနည်းနည်းအဓွန့်တက်လာပေမယ့် ပြောတဲ့အတိုင်းဗိုက်မပေါ်အောင်တော့ဝတ်လာရှာပါသည်။

Why! ongoing/unicode(GL)Where stories live. Discover now