3

1.9K 135 0
                                    


ထိုနေ့ကတည်းက ထိုက်တော်ဝင်ထွက်သွားပြီး အဆောင်ပြန်မလာခဲ့ပေ။ ဘာလိုလိုနဲ့ သူပြန်မလာတာ တစ်ပတ်နဲ့ နှစ်ရက်ဆိုတော့ ၉ ရက်တောင်ရှိသွားပေပြီ။ ထိုနေ့မနက်အဆောင်မှာသတင်းထူးကြီး လွှင့်လိုက်လေသည်။သတင်းထူးမှာ အခန်း (၃၅)တွင်နေသည့် တတိယနှစ်မြန်မာစာမေဂျာမှ ရှင်းသန့်ဖြူနှင့် အဆောင်မှူး၏တူမ ပထမနှစ်Eမေဂျာမှ ထိုက်တော်ဝင်တို့သည် အကြီးအကျယ်စကားများရန်ဖြစ်ကြသည်ဟု သတင်းပြန့်သွားခဲ့သည်။

အဆောင်သူအချင်းချင်းရန်မဖြစ်ရဆိုသည့်အချက်ကို စည်းကမ်းချက်တွင်ထည့်ထားသည့်အတွက် ထိုသို့သတင်းထွက်ပြီးနောက်တစ်ရက်ရောက်တော့ အခန်း(၃၅)က အခေါ်ခံရသည်။ အဆောင်အပ်ကတည်းက အဆောက်ကသတ်မှတ်ထားသည့် စည်းကမ်းချက်များကိုလိုက်နာပါမည်လို့ လက်မှတ်ထိုးခဲ့ရသည်။ဒါကြောင့်လည်း အဆောင်မှူးကစည်းကမ်းချက်အတိုင်း ခေါ်တွေ့ခဲ့သည်ပင်။ဒါပေမယ့် ရှင်းသန့်ဖြူတစ်ယောက်တည်းရှိတော့ တစ်ယောက်တည်းသွားခဲ့ရသည်။ ရှင်းသန့်ဖြူတစ်ယောက်တည်းလာတာမြင်တော့ ဒေါ်ပန်းရိပ်ကအံ့သြသွားပြီး....

"ဟင်!...ထိုက်ကော သမီး။"

ရှင်းသန့်ဖြူလည်းပြန်အံ့သြသွားခဲ့ရသည်။အဒေါ်တောင်မသိတာကို သမီးကဘယ်လိုသိမှာလဲလို့မေးလိုက်ချင်ပေမယ့်  ပြန်မမေးဖြစ်တော့။ထိုက်တော်ဝင်ကိုမမြင်တော့ ဒေါ်ပန်းရိပ်ကချက်ချင်း မနေ့ကအခန်းထဲတွင်တွေ့ခဲ့သည့်ကောင်မလေး(၃)ယောက်ကို ဖုန်းဆက်လိုက်တာတွေ့ရသည်။တစ်ယောက်ခေါ်ပြီးတိုင်း တစ်စတစ်စပျက်ယွင်းလာသည့်အဆောင်မှူးမျက်နှာကိုမြင်လိုက်သည်။ဟိုဘက်ကဘာပြန်ပြောခဲ့လို့တော့မသိလိုက်။

မနေ့က ပြောလိုက်တဲ့အထဲမှာ နစ်နာစေမယ့်စကားဘာမှပါမသွားပေမယ့် ကြည့်ရတာထိုက်တော်ဝင်မှာကိစ္စတစ်ခုခုရှိခဲ့ပုံပင်။အကြမ်းဖျင်းစဥ်းစားကြည့်လိုက်တော့ ထိုက်တော်ဝင်ဒီလိုဖြစ်နေတာ တစ်ယောက်ယောက်ကြောင့်မို့တော့ ရိပ်မိပါသည်။ဒါပေမယ့် ကိုယ့်ဘက်ကလည်း မဖြေရှင်းပေးနိုင်။ စျေးဝယ်ပြီးပြန်လာချင်း တစ်ခန်းဝင်တစ်ခန်းထွက်နှင့် အခန်းပြောင်းချင်တဲ့သူကိုလိုက်မေးရတာအမော။ နေလာတာလည်းတစ်လလောက်ရှိတော့မှာမို့အဆောင်သူတစ်ချို့ကလည်းမပြောင်းချင်ကြတော့။ ပြီးတော့ထိုက်တော်ဝင်အကြောင်းလည်းနည်းနည်းသတင်းထွက်ထားပြီးထိုက်တော်ဝင်အပေါက်ဆိုးတာကိုကော အကျင့်တွေကိုကောကြောက်ကြတာကြောင့်တစ်ချို့ထိုက်တော်ဝင်ကိုကြိတ်ကြိုက်နေတဲ့အဆောင်သူတွေကတော့နေလည်းနေချင်တယ် ပြောင်းလည်းမပြောင်းနိုင်ဖြစ်နေတာကြောင့် ကိစ္စကထင်သလောက်မလွယ်။

Why! ongoing/unicode(GL)Wo Geschichten leben. Entdecke jetzt