8

1.5K 137 0
                                    


မနေ့က ခရီးကပြန်လာချင်း ရေချိုးလိုက်ပြီး ရှင်းသန့်ဖြူနှင့် စကားနည်းနည်းပြောဖြစ်သည်။ ပြီးတော့ ခေါင်းကိုက်လာပြီးခရီးပန်းလာတာကြောင့် ညနေဆိုပေမယ့်လည်းအိပ်လိုက်သည်။ အိပ်စက ခေါင်းတဆစ်ဆစ်ကိုက်နေပေမယ့် ကြိတ်မှိတ်အိပ်လိုက်တာ မနိုးလာတော့။ ညတုန်းကတော့ ကိုယ့်ကိုတစ်ယောက်ယောက်ထိနေသလိုခံစားမိပေမယ့် အိပ်မက်လိုလို သေချာမသဲကွဲ။

ထိုက်တော်ဝင် မနေ့ကအဖြစ်အပျက်တွေကိုပြန်စဥ်းစားကြည့်ပေမယ့် ဘာမှရေရေရာရာမမှတ်မိ။ အားလုံးက သို့လော သို့လောတွေသာ ဖြစ်နေသည်။ ရင်ခွင်ထဲကိုရောက်နေပြီးစိတ်ချလက်ချအိပ်နေသည့်ရှင်းသန့်ဖြူကတော့ လှုပ်ရှားမှုမရှိ အိပ်မြဲအိပ်ဆဲ။ ရှင်းသန့်ဖြူက သူ့ခုတင်မှာ တက်အိပ်စရာအကြောင်းမှမရှိပဲ ။ ဒါဆိုဘယ်လိုရောက်နေတာလဲ။ အိပ်ပျော်နေသူကို ခေါင်းလေးအသာမလိုက်ကာ သူ့ရဲ့လက်မောင်းကိုဖယ်အပြီး ထိပ်မှာရောက်နေသည့်ခေါင်းအုံးကို အမြန်ဆွဲယူကာ ခေါင်းအုံးစေလိုက်သည်။ ခါးမှာဖက်တွယ်ထားသည့် လက်ကိုလည်းခုတင်ပေါ်တွင် အသာလေးပြန်ချပေးလိုက်သည်။ရှင်းသန့်ဖြူကို ပက်ပက်စက်စက်ပြောလာခဲ့သမျှ ခုတော့ သူ့မှာအသံပင်မထွက်ရဲ။ ရင်ဘတ်ကလည်း နှလုံးခုန်မြန်နေတာကြောင့် နေလို့ပင်မကောင်းတော့။ ရင်တုန်ပန်းတုန်ကြီးဖြစ်နေသည်။

ဘေးစောင်းပြီးအိပ်နေသည့်ရှင်းသန့်ဖြူမျက်နှာကိုသေချာကြည့်နေမိသည်။ ဆံပင်ရှည်တွေက အနောက်ဘက်ကိုချထားပြီး ဘေးစောင်းကွေးကွေးလေးအိပ်နေတာပင်။ ညအိပ်ဝတ်သည့် အပြာရောင်ဝမ်းဆက်နှင့် မျက်နှာကကြည်ကြည်သန့်သန့်လေးအိပ်နေတာများ ငြိမ်းငြိမ်းချမ်းချမ်း။ ဆံမြတ်မချထားတာကြောင့် မျက်နှာအစိတ်အပိုင်းတိုင်းကို အထင်သားမြင်နေရသည်။ ချောတာလည်းမဟုတ် ချစ်စရာကောင်းတာလည်းမဟုတ်ပဲ တည်တည်သန့်သန့်လေးနှင့် ကြည့်ကောင်းတဲ့ မျက်နှာပေါက်မျိုးကို ရှင်းသန့်ဖြူ ပိုင်ဆိုင်ထားတာဖြစ်သည်။

ထိုက်တော်ဝင် ဘေးကိုကြည့်လိုက်တော့ သူ့စားပွဲပေါ်တင်ထားသည့် ဇလုံနှင့်ပိတ်စတစ်ခု။ ရှင်းသန့်ဖြူခုတင်ဘက်ကိုကြည့်လိုက်တော့ အိပ်ရာကခေါက်လျက်သား။

Why! ongoing/unicode(GL)Where stories live. Discover now