System Space(1)

17.5K 835 20
                                    

Unicode

ခါလွန်တစ်ယောက် ချစ်လှစွာသောဦးလေးရဲ့ကောင်းမှုကြောင့်အခုတော့ပြေးနေရလေပြီ....။ဟုတ်ပါတယ် နောက်ကအကြွေးရှင်တွေလိုက်နေလို့ပင်။

ခါလွန့်မှာငယ်ငယ်ထဲကမိဘတွေမရှိတော့တာမို့ ဦးလေးကပဲကျွေးမွေးစောင့်ရှောက်ထားသည်။ ချစ်လွန်းလို့လို့စောင့်ရှောက်သည်တော့မဟုတ်...ခါလွန့်မိဘတွေထားခဲ့တဲ့ပိုင်ဆိုင်မှုတွေကြောင့်သာ...

မေမေတို့သေတမ်းစာမှာ ခါလွန်အသက်(၁၈)ပြည့်မှအမွေတွေလွှဲပြောင်းရယူစေရန်နှုင့် အသက်မပြည့်ခင်အချိန်တော့..ဦးလေးအုပ်ထိန်းမှုအောက်မှာနေရမည်ဟုပါသည်။

ခါလွန့်ဘ၀ကအသက်(၁၈)မပြည့်ခင်အထိတော့သူဌေးသားလေးမို့သာယာလွန်းသည်။ သို့ပေမဲ့..မေမေတို့ထားခဲ့တဲ့companyနဲ့အမွေတွေကိုဆက်ခံရမဲ့အချိန်မှာဒုက္ခရောက်တာပင်...

အမွေဆက်ခံပြီးနောက်ရက်မှာပင် companyကအခွံကြီးမှန်းသိလိုက်သည်။ ဆုံးရှုံးမှုတွေပေါ်နေတာရယ် ဦးလေးရဲ့ငွေကြေးအလွဲသုံးစားမှုတွေကြောင့် shareရှင်တွေက ရှယ်ယာတွေပြန်ထုတ်ဖို့တွန်းအားပေးလာသည်။ အခုလက်ရှိမှာ ခါလွန်ကဆက်ခံသူမို့ဒီပြသနာတွေကိုဖြေရှင်းရပေလိမ့်မည်။

ဦးလေးဖြစ်သူကလည်းအစရှာမရအောင်ပျောက်သွားတာရယ် ခါလွန့်ခမျာ မနေ့တစ်နေ့ကမှအသက်ပြည့်ပြီး လုပ်ငန်းအတွေ့အကြံမရှိတာရယ်ကြောင့် ရှိသမျှပိုင်ဆိုင်မှုရောင်းချကာ shareတွေပြန်ထုတ်ပေးခဲ့သည်။ ပိုင်ဆိုင်မှုဘာမှမကျန်တော့ပေမဲ့ ခါလွန်ကျောင်းတက်တုန်းကစုထားတဲ့ ပိုက်ဆံလေးနဲ့ ဈေးသက်သာတဲ့ခေါင်းမိုးထပ်ကတိုက်ခန်းလေး၀ယ်ကာ အချိန်ပိုင်းအလုပ်လုပ်ရင်း တက္ကသိုလ်ဆက်တက်ခဲ့သည်။

သို့ပေမဲ့ ဘုရားသခင်က ကိုယ့်ကိုမျက်နှာသာမပေးပုံပင်။ မကြာခင်မှာပဲ ဦးလေးရဲ့အကြွေးရှင်တွေဆိုတဲ့လူတွေကရောက်လာသည်။ အကြွေးကလည်းသိန်း(၃၀၀၀)တောင်မို့ ခါလွန့်ခမျာသေချင်စော်ပင်နံသွားသည်။

*Fkပဲ ငါလိုးမဘ၀..*

ကြွေးရှင်တွေကိုအချိန်ဆွဲထားသမျှအခုတော့မရတော့ပြီ...ဒီနေ့မှမရရင် ခါလွန့်အားအကြွေးအဖြစ်သိမ်းကာ ရောင်းစားမည်ဆိုတာကြောင့်ပြေးနေရခြင်းပင်။

I Found My Love In  SystemWhere stories live. Discover now