(3.1) ဂျန်ထယ်ယန်း

5.9K 493 29
                                    

Unicode

ခါလွန်နိုးလာတော့ ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းဖြင့်...
ခါလွန်လည်း ကူးပြောင်းစဉ်ကာလအတွင်းနာကျဉ်မှုကြောင့်... ကုတင်‌ကိုအသာမှီထိုင်လိုက်ပြီး
'အား...ကျွတ်...နာလိုက်တာ ကလေးမွေးတာလောက်မနာလို့တော်သေးတယ်...'

Leoမှာတော့ hostကိုကြည့်ပြီး ခေါင်းခါလိုက်ရင်း
[ကလေးမွေးတာလောက်နာချင်ရင် နောက်ကမ္ဘာတွေ နာကျင်မှုကို တိုးမြှင့်ပေးမယ်နော်...အခုတော့ အချက်အလက်တွေကူးပြောင်းပေးမယ်...]

'မင်းဟာလေ...ငါဆိုပြောဖို့ပဲချောင်းနေတယ်...အချက်လက်တွေပို့တော့.."

[ဟွန့်...ကူးပြောင်းမှုစတင်ပါပြီ...
1%,......,50,.......,100%...
Skillပါတစ်ခါထဲထည့်ပေးလိုက်ပီ...]

ခါလွန်လည်း ခေါင်းထဲ၀င်လာတဲ့အချက်လက်တွေကြောင့် လူကပစ်လဲချင်စိတ်ပါပေါက်လာလေပြီ....
ခါလွန်မဖတ်နိုင်သေးတာမို့
'Leo...ငါ့ကိုရုပ်ရည်မြှင့်တင်မှုအရင်လုပ်ပေးပါလား...ငါတော်တော် နာကျင်နေလို့...ဒီကမ္ဘာကတအားနာတာပဲ...'

[အင်းပါ...လုပ်ပေးမယ်...]
Leoလည်း ရုပ်ရည်မြှင့်တင်မှုလုပ်ပေးလိုက်ပြီး
[ missionsတွေက မပေါ်သေးဘူး နောက်မှသိရမယ်...လိုအပ်ရင်leoကိုခေါ်လိုက်နော်...အခုခနနားမလို့...]

'အင်းပါ...see you...'
အဆင့်မြှင့်တင်လိုက်မှပဲ ခံစားနေရတာတွေအားလုံးပျောက်သွားပြီး ပေါ့ပါးသွားတာမို့ အချက်အလက်တွေစဖတ်လိုက်သည်။

ဒီကမ္ဘာက ခေတ်ပုံစံပဲ
ဇာတ်လိုက်ကတော့ ဂင်ဂျယ်ဆော့ heaven groupရဲ့ တစ်ဦးတည်းသောမြေး...
ဇာတ်လိုက်မကတော့ ‌ယူဟေဆောင်းဖြစ်ပြီး ဇာတ်လိုက်ရဲ့အချစ်ဦးဖြစ်တယ်...

တစ်နေ့မှာတော့ ဇာတ်လိုက်နဲ့ဇာတ်လိုက်မဟာ ပြန်ပေးဆွဲခံလိုက်ရတယ်..
ပြန်ပေးဆွဲရတဲ့အကြောင်းရင်းကတော့ ဇာတ်လိုက်ဟာ haven groupရဲ့ မြေးဖြစ်တာကြောင့်ပင်...ဇာတ်လိုက်မကတော့ ဇာတ်လိုက်နဲ့အတူရှိနေတုန်း တစ်ခါထဲအဖမ်းခံခဲ့ရတာဖြစ်တယ်...

ပြန်ပေးဆွဲတဲ့သူဟာ ဒေါ်(၁၀)သန်းနဲ့ လာရွေးဖို့ကို ဇာတ်လိုက်အဖေကိုပြောခဲ့တယ်...
ဇာတ်လိုက်ရဲ့အဖေဟာလည်း သားဇောကြောင့် ထိုပိုက်ဆံတွေနဲ့ရွေးခဲ့ရတယ်...
ထိုပြန်ပေးဆွဲတဲ့သူကို အမှုဖွင့်ပေမဲ့ ပြန်ပေးသမားကို လုံး၀စုံစမ်းလို့ မရခဲ့ဘဲ ပိုက်ဆံတွေနဲ့အတူ ထိုလူဟာလည်းပျောက်သွားတယ်...

I Found My Love In  SystemWhere stories live. Discover now