(2.4)လီရှင်းရန်

5.7K 615 37
                                    

Unicode

ရှင်းရန်ခမျာကြားလိုက်ရတဲ့စကားကြောင့်လန့်သွားပေမဲ့ မျက်နှာတွင်ဘာအမူအရာမှမပြဘဲ....
"စိုးရွံ့မိပါတယ် မင်းကြီး...ကျွန်တော်မျိုးတစ်ခါမှမမြင်ဖူးတော့ မင်းကြီးမှန်းမသိလို့ပါ..."

လီဟန်ရှင်းကတော့ မင်းကြီးကိုမြင်တာနှင့် မျက်နှာလိုမျက်နှာရလုပ်ကာ အရိုအသေပေးလိုက်ပြီး
"မင်းကြီးကို ဂါရ၀ပြုပါတယ်....ကျွန်တော်မျိုးက လီနိုင်ငံရဲ့အိမ်ရှေ့စံ လီဟန်ရှင်းပါ....အခုမှနှုတ်ဆက်မိလို့ခွင့်လွှတ်ပါမင်းကြီး..."

၀မ်စစ်မင်းလည်းအပိုတွေလုပ်နေသည့်သူကိုအေးစက်စက်ကြည့်လိုက်ပြီး
"လီနိုင်ငံရဲ့အိမ်ရှေ့စံက လီရှင်းရန်မဟုတ်ဘူးလား..."

မင်းကြီးရဲ့စကားကြောင့် လီဟန်ရှင်းမှာတော့ မျက်နှာကြီးမှောင်မဲသွားပြီး
ဘာမှပင်ပြန်မပြောနိုင်တော့ပေ။

ရှင်းရန်ကတော့ရီချင်စိတ်ကိုထိန်းထားရတာမို့ ပြုံးစိစိဖြစ်နေသည်။ ရှင်းရန်ဗိုက်ဆာနေပြီမို့
"ဒါဆိုကျွန်တော်မျိုးကိုခွင့်ပြုပါအုံး..."

ရှင်းရန်လည်း မင်းကြီးကိုအရိုသေပေးပြီးလှည့်ထွက်မည်အလုပ်
"နေအုံး...မောင်မင်းကိုငါကိုယ်တော်သွားခိုင်းလို့လား....ကိုယ်တော့်နောက်ကိုလိုက်ခဲ့..."
အေးစက်စက်အမိန့်ပေးသံကြောင့် ရှင်းရန်စိတ်ထဲတွင်
*ဒီမင်းကြီး မကျေနပ်လို့ငါလေးကိုသတ်မလို့များလား...*

လီဟန်ရှင်းစိတ်ထဲတွင်တော့
*ဟား..ဟား..မင်းအပြစ်ပေးခံရဖို့ပြင်ထားတော့ လီရှင်းရန်...မင်းကိုဒီနေ့အနိုင်မကျင့်ရလို့ စိတ်မကောင်းဖြစ်ပေမဲ့ ဒီနေ့တော့ထားလိုက်ပါတော့လေ...*

"မောင်မင်းကဘာလုပ်နေသေးတာလဲ...နောက်တစ်ခါဒီနေ့လိုထပ်ဖြစ်ရင် ငါကိုယ်တော်ညှာမှာမဟုတ်ဘူးနော်..."
လီဟန်ရှင်းလည်း အေးစက်စက်အမိန့်သံကြောင့် မင်းကြီးအားအရိုသေပေးကာထိုနေရာမှထွက်သွားတော့သည်။

ရှင်းရန်ကတော့ထိုနေရာမှာကြောင်တောင်တောင်လေးဖြင့် မင်းကြီးအားမော့ကြည့်နေလိုက်သည်။

၀မ်စစ်မင်မိမိအားကြည့်နေသည့် အသေးလေးအား ပြန်ငုံ့ကြည့်လိုက်ပြီး
"ကိုယ်တော်ချောတာသိပေမဲ့ အဲ့လောက်စိုက်ကြည့်ဖို့မလိုဘူးထင်တယ်နော် အသေးလေး..."

I Found My Love In  SystemWhere stories live. Discover now