(2.1)လီရှင်းရန်

7.1K 608 14
                                    

Unicode

ခါလွန့်အတွက် ဒုတိယမြောက်ကမ္ဘာဖြစ်ပေမဲ့ ကူးပြောင်းစဉ်အတွင်းနာကျဉ်မှုက ပိုတောင်ဆိုးလာသလိုပင်။

'အားကျွတ်...ကျွတ်...နာလိုက်တာ...'
ခါလွန်လည်း အခုရောက်နေတဲ့ကမ္ဘာကိုလေ့လာဖို့ရာ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ အပြင်အဆင်တွေက နန်းတွင်းကားတွေထဲကလိုမျိုးပင်။ အခန်းအတွင်းမှာ စားပွဲခုံတစ်လုံးရယ် ကုတင်တစ်လုံးရယ် အ၀တ်စားထည့်တဲ့ဗီရိုတစ်လုံးကလွဲလို့ ဘာမှမရှိပေ။ ခါလွန်လည်းLeoလေးကိုခေါ်လိုက်ကာ
'Leo...မှတ်ဉာဏ်လွှဲပေးတော့...'

[ဟုတ်ကဲ့host....မှတ်ဉာဏ်လွှဲပြောင်းမှုစတင်ပါပြီ 1%,....,50%,......,100%
လွှဲပြောင်းမှုပြီးပါပြီ....]

ခါလွန်လည်း တန်းစီပြီး၀င်ရောက်လာတဲ့မှတ်ဉာဏ်တွေ ခေါင်းနည်းနည်းမူသွားတာမို့ ခနနားပြီး ဇာတ်ကြောင်းကိုဖတ်ကြည့်လိုက်သည်။

ဒီကမ္ဘာမှာက ယောကျာ်း၊ မိန်းမ‌၊ ကောဆိုပြီး ရှိကြတယ်။ ကောဆိုတာက ယောကျာ်းလေးပေမဲ့ ကလေးမွေးနိုင်တဲ့သူတွေဖြစ်တယ်။ ကောတွေဆီမှာ ကျူးကျားရစ်ဆိုတဲ့အမှတ်အသားပါရှိပြီး အရောင်ရင့်လေ ကလေး‌ပိုမွေးဖွားနိုင်လေဖြစ်သည်။ များသောအားဖြင့်ထိုအမှတ်သားက နဖူးနဲ့ လက်ကောက်၀တ်တစ်ဝိုက်မှာရှိကြတယ်။ ကောတွေရဲ့ကလေးမွေးဖွားနိုင်နှုန်းဟာ မိန်းမတွေထက်တောင်ပိုမွေးဖွားနိုင်တာမို့ လူတွေရဲ့အရေးပေးခြင်းပိုခံရတယ်။ ဒါပေမဲ့ ကောတွေကနူးညံ့သိမ်မွေ့ပြီး အထိခိုက်မခံတာကြောင့် သူတို့ကို ကလေးမွေး‌တာကလွဲလို့ ဘာမှအသုံးမကျတဲ့သူတွေဆိုပြီး အထင်သေးချင်ကြတဲ့သူတွေရှိသည်။

ခါလွန်တစ်ယောက် ဖတ်တာကြာနေပြီအခုထိဇာတ်လမ်းကိုမသိရသေးပေ။

'Leo ငါဖတ်နေတာကြာပြီ အခုထိဇာတ်ကြောင်းမသိသေးဘူး...'

[ဆက်‌ဖတ်လေhostရဲ့...]

ခါလွန်လည်းleoကို စကားမပြန်တော့ဘဲ ဇာတ်လမ်းသာဆက်ဖတ်လိုက်သည်။
ဒီကမ္ဘာက နည်းနည်းတော့ထူးဆန်းသည်။
နိုင်ငံငယ်(၄)နိုင်ငံပါ၀င်ပြီး တစ်နိုင်ငံကိုဘုရင်တစ်ပါးအုပ်ချုပ်သည်။ အဲ့နိုင်ငံငယ်(၄)နိုင်ငံကိုမှ ၀မ်နိုင်ငံရဲ့ဘုရင်မင်းမြတ်ကပြန်အုပ်ချုပ်သည်။
နိုင်ငံငယ်(၄)နိုင်ငံကတော့ ထန်နိုင်ငံ၊ ဟန်နိုင်ငံ၊ လီနိုင်ငံနဲ့၊ မင်နိုင်ငံတို့ဖြစ်ကြတယ်....
ဇာတ်လိုက်နာမည်က လီဟွမ်ရှင်းဖြစ်ပြီး လီနိုင်ငံတော်ရဲ့မင်းသားတစ်ပါးဖြစ်တယ်။ ဇာတ်လိုက်မကတော့ ဟန်ဖေးယုဖြစ်ပြီး ဟန်နိုင်ငံအရှင်မြတ်ရဲ့ အချစ်ဆုံးသားဖြစ်သည်။ သူကဟန်နိုင်ငံရဲ့ အချောဆုံးစရင်း၀င် ကောတစ်ယောက်ဖြစ်ပြီး စိတ်ထားဖြူစင်ပြီးခွင့်လွှတ်တတ်သူအဖြစ်ကျော်ကြားသည်။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မဟာ ၀မ်နိုင်ငံမှာပညာသင်ကြားနေစဉ်ကာလအတွင်းတွေ့ကြတာဖြစ်သည်။

I Found My Love In  SystemWhere stories live. Discover now