(3.12)ဂျန်ထယ်ယန်း

3.5K 393 7
                                    

Unicode

ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာတဲ့မောင်ကြောင့် ယူရာ မျက်ခုံးခပ်လှုပ်လှုပ်

"မမ ယူဟယ်ဆောင်းကိုသိလား..."

ဟယ်ဆောင်းနာမည်ကြားလိုက်တာကြောင့် ယူရာမျက်နှာ ကွက်ခနဲပျက်သွားကာ
"ဘာ...ဘာဖြစ်လို့လဲ ယန်း‌လေး..."

"အရေးကြီးလို့ကျွန်တော်မေးတာဖြေပေးပါလား...ဒီတိုင်းအတည်ပြုချင်ရုံပါ..."

မောင်လေးမျက်နှာက စိတ်ရှုပ်ထွေးနေပြီး တကယ်သိချင်နေတဲ့ပုံပေါက်တာကြောင့်
"အင်း မမသိရင်အတည်ပြုပေးမယ်..."

မမအဖြေကြောင့်ထယ်ယန်းပျော်သွားကာ
"ဟုတ်...အဲ့တာဆို Heavenက CEOက ယူဟယ်ဆောင်းလား..."

"......"

ဖြေသင့်မဖြေသင့်စဉ်းစားနေသည့်မမကိုကြည့်ကာ ထယ်ယန်းသက်ပြင်းချလိုက်ပြီး ထယ်ယန်းသက်ပြင်းချလိုက်ကာ...
"သူခွဲစိတ်ထားတဲ့မှတ်တမ်းတွေကျွန်တော့်မှာရှိတယ်...မမအမှန်တိုင်းဖြေပေးပါ..."

*နင့်မှာသက်သေတွေရှိနေတာကို ငါ့လာမေးနေသေးတာလား လဒလေးရဲ့...*
ထိုစကားကိုစိတ်ထဲ၌သာပြောလိုက်ပြီး
"အင်း...CEOက ဟယ်ဆောင်းပဲ...ယန်းလေး သူ့ကိုထိခိုက်အောင်တော့မလုပ်ပါနဲ့နော်...သူတစ်ခုခုဖြစ်ရင်မမစိတ်ပူတယ်..."

"အဟမ်း!! မလုပ်ပါဘူး...မမကစိတ်ပူရအောင် သူကမမရည်းစားမို့လို့လား..."

"မမကသာတစ်ဖက်သက်ပါ..."
ထယ်ယန်းဒီတိုင်းပြောလိုက်တာကို ပြန်ဖြေလာတဲ့မမစကားက ထယ်ယန်းအားစွံ့အသွားစေသည်။

"အမ်...ဟုတ်ပါပြီ...ကျွန်တော်ထိခိုက်အောင်မလုပ်ဘူး...အခုတော့အပြင်သွားအုံးမယ်..."

                    ~~~~~~~

ထယ်ယန်း ရေတောင်မချိုးရသေးဘဲ ကိုကို့ကိုခေါ်ကာ ဥက္ကဌဂင် ဆီကို Leoအကူအညီနဲ့သွားလိုက်သည်။
ဥက္ကဌဂင် ဆီကသူကျူးလွန်ခဲ့တဲ့အပြစ်တွေ သိမှ ဟယ်ဆောင်းနဲ့စကားပြောလို့အဆင်ပြေမည်ဖြစ်သည်။

MR.ဂင်ရဲ့အိမ်က လူနေတဲ့နေရာနဲ့ဝေးလှပြီး အေးချမ်းတဲ့နေရာလေးမှာ တည်ရှိနေသည်။
ထိုအိမ်ရှေ့ရောက်တော့ လူခေါ် bellလေးကို နှိပ်လိုက်ကာ ခနစောင့်နေလိုက်သည်။

I Found My Love In  SystemWhere stories live. Discover now