(5.1)Noblesse

1.2K 119 8
                                    

Unicode

ခါလွန် ထပ်ပြီးနာကျင်မှုနဲ့အတူနိုးထလာရပြန်သည်။

ဘေးပတ်၀န်းကျင်ကြည့်လိုက်တော့ လူနှင်တူသည့် ဟာပင်မတွေ့ရဘဲ အခန်းက မဲမှောင်ကာ ခြောက်ကပ်နေသည်။

ခါလွန်လည်း မျက်လုံးပြန်မှိတ်ကာ အိပ်ယာထက် ပြန်လှဲလိုက်ကာ Leoနှင့်ဆက်သွယ်လိုက်သည်။
'leoဇာတ်ကြောင်းပို့ပေး....'

[ဟုတ်ကဲ့ Host...အချက်အလက်တွေ စတင်ကူးပြောင်းနေပါပြီ....]

ခေါင်းထဲတိုး၀င်လာတဲ့ အချက်အလက်တွေကြောင့် ခါလွန်မျက်မှောင် ပင်ကျုံ့မိသွားသည်။

သက်သာသွားမှ ဇာတ်ကြောင်းကိုစတင်ကြည့်လိုက်သည်။

ဒီကမ္ဘာက လူတွေဟာ သာလွန်တဲ့ အစွမ်းတွေ
ရှိကြတယ်...သူတို့ကို Nobleလူမျိုးလို့ခေါ်ကြတယ်....

Nobleတွေကို ဘုရင်က‌အုပ်ချုပ်တယ်....
Nobleတွေကို အုပ်ချုပ်ရတဲ့ဘုရင်ဟာ သာလွန်တဲ့စွမ်းအင် ရှိပြီး Noblesseအဆင့်ထိရောက်နေတဲ့သူဖြစ်ရမှာဖြစ်တယ်.... Noblesseအဆင့်ဆိုတာ တကယ်ကိုရှားပါးပြီး ဘုရင် Raizalတစ်ယောက်ထဲသာလျှင် ထိုအဆင့်ရောက်ရှိနေတာဖြစ်တယ်....
Raizalရဲ့ အစွမ်းဟာသွေးစွမ်းအင်ဖြစ်ပြီးတော့ အကြမ်းဆုံးဖြစ်တယ်....

ဒီကမ္ဘာမှာ ဇာတ်လိုက်မကစုစုပေါင်း ၅ယောက်ပါ၀င်တယ်....
၅ယောက်လုံးက ဒိတ်ဒိတ်ကျဲအစွမ်းရှိသူတွေ...

ကမ္ဘာရဲ့ဇာတ်လိုက်မ‌တွေကကတော့ကာကွယ်ရေး၀န်ကြီးရဲ့ သမီး Lolipad သူမကတော့ အလင်းစွမ်းအင်ကိုပိုင်ဆိုင်တယ် သူမဟာ Herryကို နှိပ်စက်တဲ့သူတွေထဲမှာ ပထမအဆင့်အနေနဲ့ပါ၀င်တယ်...

အကြောင်းကတော့ Raizalက Herryကို ဂရုစိုက်ပေးလို့....

ဒုတိယတစ်ယောက်က Training Schoolရဲ့ ပါမောက္ခရဲ့သားဖြစ်သူ Kelvinဖြစ်ပြီး သူဟာ ယောကျာ်းလေးနဲ့မတူဘဲ ချစ်စရာကောင်းတဲ့ကောင်လေးဖြစ်တယ် သူရဲ့အစွမ်းကတော့ လူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်တာနှင့် စိတ်ဖတ်နိုင်တာနှင့် ကိုယ်ခံပညာတော်တာ ဖြစ်ပြီး စိတ်ဖတ်နိုင်တဲ့အစွမ်းနဲ့ လူတစ်ယောက်ကိုအရှက်ခွဲခြင်းအားဖြင့် အပြုံးချိုချိုလေးတွေနဲ့နှိပ်စက်တတ်သူဖြစ်တယ်....
Herryအစွမ်းမရှိတာကို သိပြီး အစွမ်းပြိုင်ပွဲမှာ ၀င်ပါဖြစ်အောင် ဖခင်ဖြစ်သူရဲ့ အာဏာကိုအသုံးချကာ အရှက်ခွဲခဲ့သူဖြစ်သည်။

I Found My Love In  SystemWhere stories live. Discover now