(4.5) Lucus

2.4K 337 14
                                    

Unicode

Lucusရဲ့ ဂရုစိုက်ကောင်းမှုကြောင့် တစ်ပတ်လောက်ကြာတော့ အပင်လေးတွေက အစို့လေးတွေထွက်လာပြီမို့ နှစ်ခြိုက်စွာပြုံးလိုက်ကာ

"အပင်တွေတော့ ပေါက်လာပြီ Co Coကိုပြဖို့ပဲကျန်တော့တယ်...."

Lucusလည်း အောက်ထပ်ကCo Coကို လှမ်းခေါ်လိုက်ကာ
"သားရေ daddyဆီလာပါအုံး...အခန်းလွတ်ကြီးဆီလာခဲ့နော်..."

Co Coဟာ သူ့daddyဆီကအသံကြားတာနဲ့ ဖတ်လက်စစာအုပ်ကိုချကာ အပေါ်ထပ်ကိုပြေးတက်သွားလေတယ်...
အခန်းလွတ်ထဲရောက်တော့ ပြုံးရွှင်နေတဲ့ daddyကိုမြင်လိုက်ရတာမို့ Co Coလည်းအလိုလိုပြုံးမိသွားကာ

"Co Coကို ဘာလို့ခေါ်တာလဲ daddy..."

"ဒီမှာလေ သားအတွက် daddyစိုက်ထားတဲ့အပင်လေးတွေ ပေါက်နေလို့ ပြမလို့..."

Co Coဟာမျက်လုံးလေးတွေအရောင်လက်သွားကာ
"Wow...တကယ့်အပင်လေးတွေပဲ daddy Co Coစကားမှတ်ထားတယ်ပေါ့...ကျေးဇူးတင်ပါတယ်daddy..."

Lucusဟာ ကလေးငယ်ရဲ့ခေါင်းလေးကိုဖွဖွပုပ်ပေးရင်း
"သားပျော်တယ်ဆို daddyပင်ပမ်းရကျိုးနပ်တာပေါ့...နောက်ဆို သားကပဲသူတို့ကိုသေချာဂရုစိုက်ရမယ်နော်...."

"ဟုတ်ကဲ့ daddy..."

~~~~~~~~~~~~~~~~~~~~

Lucusဟာ Jessicaဆီကနေဘာသတင်းမှမရသေးတာမို့ အိမ်မှာပဲရှိနေသည်။ Co Coကိုကျောင်းပို့ပြီးရင် အလုပ်မရှိတော့တာမို့ အပျင်းကမ္ဘာထဲတစ်နေတော့သည်။

Leoကလည်း လင်နောက်လိုက်သွားပြီလားမှတ်ရလောက်အောင် ကြာလွန်းနေတာမို့ Lucusပိုပျင်းနေခြင်းပင်...

[Hostရေ....ကျွန်တော်ပြန်လာပြီ...]

Leoအသံကြားလိုက်ရတာကြောင့် Lucusလည်း ငေါက်ခနဲထထိုင်လိုက်ကာ

'ပြန်လာသေးတယ်နော်...ငါကမင်းလင်နောက်လိုက်သွားပြီမှတ်တာ...'

[လိုက်စရာလား....ဒါပေမဲ့ ကောင်းကင်အရှင်ကကျွန်တော့်ကိုသူ့ချစ်သူပါဆိုပြီးပြောနေလို့...]

Lucusဟာ ၅စက္ကန့်လောက်အသံတိတ်သွားကာ အံ့ဩသွားပုံပင် ခနကြာတော့မှ
'ဟား...ဟား...ဟား Leoရေ မင်းဆေးလေးဘာလေးလှုပ်သောက်စမ်း...
အဲ့မအေဘေးကြီးက မင်းရည်းစားဖြစ်နိုင်မလားဟ...'

I Found My Love In  SystemWhere stories live. Discover now