(2.2)လီရှင်းရန်

6K 613 14
                                    

Unicode

Leoလေးသည် hostကိုခေါင်းခေါက်ပစ်ချင်စိတ်တွေတဖွားဖွား
[Hostရေ...ဇာတ်ကြောင်းကိုကျော်ခွပြီးမဖတ်နဲ့လေ...လီရှင်းရန်ကကောဗျ..]

ခါလွန်လည်း ဇာတ်ကြောင်းသေချာပြန်ကြည့်တော့မှ
လီရှင်းရန်က ကောတစ်ယောက်ဖြစ်ပေမဲ့ တခြားသူတွေနဲ့မတူစွာ...ကျူးကျားရစ်က ရင်ဘက်မှာပါနေ‌ခြင်းပင်...

ဒါကြောင့်လည်း လီရှင်းရန်ကောဆိုတာကို သူ့ခမည်းတော်နဲ့မယ်တော်ရယ် သူ့ကိုမွေးပေးခဲ့တဲ့လက်သည် တွေကလွဲလို့သိသူမရှိပေ။
ပြည်သူတွေကိုသားယောကျာ်းလေးမွေး‌ဖွားတယ်လို့သာပြောထားပြီး ကောမှန်းဖုံးကွယ်ခဲ့သည်။ အကြောင်းကတော့အိမ်ရှေ့စံရာထူးအပ်နှင်းချင်လို့ပင်။

ခါလွန်ဇာတ်ကြောင်းသေချာဖတ်ပြီးသကာလမှာတော့
'Leoအဲ့တာဆို...ငါကောဆိုတာမသိကြဘူးပေါ့...အဲ့တော့ငါကသိုင်းပညာသင်ရမာပေါ့...'

[ဟုတ်တယ်host....မူလလီရှင်းရန်က အမြဲအနိုင်ကျင့်ခံရတော့ သိုင်းပညာကောင်းကောင်းကျင့်မရတော့ သိုင်းသိပ်မတတ်ဘူး....]

'Aww....ဒါနဲ့leo ၀မ်နိုင်ငံကဆင်းရဲလို့လား....အိမ်ရှေ့စံကိုပေးနေတဲ့အဆောင်ကိုကြည့်အုံး...'

ဟုတ်လည်းဟုတ်ပါသည်။ အိမ်ရှေ့စံမင်းသားတစ်ယောက်ကို ပေးတဲ့အဆောင်ကလည်း ဘာမှထူးဆန်းတာမရှိ....

[ဇာတ်လိုက်က လီရှင်းရန်ကိုအနိုင်ကျင့်ပြီး ဒီအဆောင်ကိုပေးထားတာ...ဒီအဆောင်က နိုင်ငံအသီးသီးက ဘုရင်တွေကသူတို့ သားသမီးအန္တာရာယ်ကင်းအောင် ထည့်ပေးလိုက်တဲ့ မှူးမတ်တွေနေတဲ့နေရာ...ဇာတ်လိုက်ကမှူးမတ်တွေကို သူ့အဆောင်မှာပေးနေပြီး သူက လီရှင်းရန်အဆောင်မှာနေနေတာ...]

Leoရှင်းပြတာကိုနားထောင်ပြီးတဲ့နောက်မှာတော့ ခါလွန်ဇာတ်လိုက်ကိုတော်တော်စောက်မြင်ကပ်နေပြီဖြစ်သည်။
'ဇာတ်လိုက်ရာ ငါနဲ့တွေ့တာပေါ့....'

လူယုတ်မာပြုံးကြီးပြုံးနေတဲ့ hostကိုအရင်ကဆိုကြောက်မိမှာမှန်ပေမဲ့ အခုတော့အတော်ရင်းနှီးနေပြီမို့ leoတို့ဘယ်လိုမှမနေတော့
[Host ဒီရက်ပိုင်းဂရုစိုက်နော်...ကျွန်တော် upgradeသွားလုပ်ရမှာ ၂ရက်လောက်တော့ကြာမယ်...]

I Found My Love In  SystemWhere stories live. Discover now