(4.1)Lucus

4.9K 443 33
                                    

Unicode

မျက်နှာပေါ်ဖြာကျနေတဲ့နေရောင်နုနုကြောင့် ခါလွန် ‌နိုးနေပေမဲ့မျက်လုံးမဖွင့်နိုင်သေးပေ...

ခနလောက်ကြာမှ....

"WTF ငါ့ခြေထောက်တွေလှုပ်မရဘူးဟ...shit တစ်ကိုယ်လုံးလည်းနာကျင်နေတာပဲ....."

[လှုပ်လို့ရမလား အောက်ပိုင်းသေနေတာကို....နာတာကသူမခံဖူးတာကျလို့...]

"ဘာ မင်းဟာလေး အမှန်တွေမပြောနဲ့ အမှန်ပြောရင်ရွာပြင်ထုတ်ခံရတတ်တယ်တဲ့..."

[ဇာတ်ကြောင်းပို့လိုက်မယ် ဖတ်ကြည့်လိုက်တော့....]

Leo ရဲ့စကားကိုလန့်သွားရခြင်းက ခါလွန်လမ်းမလျှောက်နိုင်လျှင်ကိုကို့ကို ရှာလို့မရမှာစိုးလို့ပင်.....

ခါလွန်တွေးလို့မဆုံးခင်၀င်လာတဲ့အချက်အလက်တွေကြောင့်
"ဖြည်းဖြည်းလုပ်စမ်းပါကွ မူးလိုက်တာ..."

[ဟွန့် သူများကပို့မယ်လို့ကြိုအသိပေးထားသားပဲ သူဘာသာ သူ့လင်ဆီစိတ်ရောက်နေပြီးတော့...]

ခါလွန်leoလေးနဲ့စကားပြိုင်မပြောတော့ဘဲ ဇာတ်ကြောင်းဖတ်ဖို့သာကြိုးစားလိုက်သည်....

ဒီကမ္ဘာက ‌သိပ္ပံခေတ်ကိုကူးပြောင်းပြီးကမ္ဘာတစ်ခု ဘာလို့ဆို ဒီကမ္ဘာကလူသားတွေဟာ တီထွင်မှုကိုသဘောကျတဲ့သူတွေ...ဒါကြောင့် မဖြစ်နိုင်တာတွေကို ဖန်တီးယူဖို့ကြိုးစားကြတယ်...
ဒီကမ္ဘာမှာ အပင်တွေမရှိတော့ဘူး ရှိတဲ့သစ်ပင်တွေကလည်း ဖန်တီးယူထားတဲ့ အတုတွေမျှသာ အလကားရတဲ့လေကိုတောင်၀ယ်ပြီး ရှူနေတဲ့ကမ္ဘာတစ်ခု ဒါကြောင့် ဒီကမ္ဘာရဲ့ လူ၁၀ပုံ၂ပုံလောက်ဟာ တောတောင်သဘာ၀မရှိတာကြောင့် သာမန်လူတွေလိုမဟုတ်ဘဲ အသားအရောင်က ကွဲလွဲနေလေ့ရှိတယ် အထူးသဖြင့် အပြာရောင်လိုမျိုး

ဒီကမ္ဘာကို အဓိကကြိုးကိုင်နေတဲ့သူ(၃)ယောက်ရှိတယ် သူတို့ကတော့ ရေရောင်းတဲ့သူ Mr.Bane,
လေရောင်းတဲ့သူ Carolineနဲ့
တီထွင်မှုကိုရူးသွပ်သူ Thomasတို့ပဲဖြစ်တယ်....
သူတို့(၃)ယောက်ဟာ ဒီကမ္ဘာကိုစိတ်ကြိုက်ခြယ်လှယ်လို့ရဖို့အတွက် လူတွေကို သိပ္ပံကမ္ဘာရဲ့ကောင်းတဲ့အချက်တွေနဲ့သာအယုံသွင်းထားတယ်...
လူတွေဟာ Thomasကိုသာယုံကြတာမို့ တခြားအကြောင်းအရာတွေ မေးခွန်းတွေမေးမနဲ့ပဲ ဇွတ်ယုံကြတယ်...

I Found My Love In  SystemWhere stories live. Discover now