(3.10)ဂျန်ထယ်ယန်း

3.6K 383 10
                                    

Unicode

ကိုကိုက မနက်ရောက်တော့ စကားပြန်ပြေသည်။ ဒါပေမဲ့ တစ်ခွန်းစနှစ်ခွန်းစသာ
ထယ်ယန်းအလုပ်သွားတော့လည်း မလိုက်ပေး...
ထယ်ယန်းမှာ3ရက်လောက် ဝိဉာဉ်တွေကိုတွေ့နေရအုံးမည်...
ထယ်ယန်းစိတ်ပျက်ပျက်နဲ့ပဲ အလုပ်သွားဖို့  နေကာမျက်မှန်ကြီးတပ်ကာ busကားဂိတ်ကိုထွက်ခဲ့လိုက်သည်

ထယ်ယန်းbusကားဂိတ်ရောက်တော့စီးရမဲ့ကားက ရောက်လာတာကြောင့် တက်လိုက်ကာ နောက်ဆုံးကျတဲ့ခုံမှာနေရာယူလိုက်သည်
တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရသော်လည်း ထယ်ယန်းတစ်ယောက်မသိချင်ယောင်ဆောင်ရင်းသာလိုက်ပါလာသည်။

Companyရောက်တော့ ရှေ့မှာ ဇာတ်လိုက်နဲ့တွေ့တာကြောင့်
"Morning CEO..."

Ceoကထယ်ယန်းဘက်လှည့်ကာပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ
"အင်း..."

ထယ်ယန်းလည်းဘာမှဆက်မပြောတော့ဘဲ...CEOနဲ့အတူ ဓာတ်လှေကားထဲတိတ်ဆိတ်စွာပဲ လိုက်ပါလာခဲ့သည်။
ထယ်ယန်းအလုပ်နေရာရောက်တာနဲ့ အိတ်ကိုချကာ ၀န်ထမ်းနားတဲ့အခန်းထဲ၀င်ကာ ‌coffeeကို ချိုချိုလေးဖျော်လိုက်ကာ CEOအခန်းဆီသို့

အခန်းရှေ့မှာထိုင်နေတဲ့ Samကို Coffeeလာပို့တဲ့အကြောင်းအသိပေးကာ...တံခါးသုံးချက်ခေါက်ပြီး ဇာတ်လိုက်ကအထဲပေး၀င်တာနဲ့

"Coffeeလာပို့တာပါ CEO... CEOအကြိုက် ချိုချိုလေးဖျော်ထားတယ်..."

ထယ်ယန်းစကားကြောင့် ဂျယ်ဆော့ မျက်ခုံးတို့ပင့်သွားကာ အံဩစွာကြည့်မိသည်။

မိမိအကြည့်တို့ကို နားလည်စွာဖြင့်
"ကျွန်တော် စုံစမ်းထားတာပါ ခင်မင်တဲ့အထိန်းအမှတ်နဲ့ ဖျော်တိုက်တယ်လို့သဘောထားပါဗျာ..."

ထယ်ယန်းcoffeeထည့်လာတဲ့ဗန်းကို စာပွဲပေါ်အသာချကာ coffeeခွက်ကို CEOရှေ့ချပေးလိုက်ကာ
"ကျွန်တော်ကိုခင်ရင်သောက်နော်...စေတနာအပြည့်နဲ့လုပ်ထားပေးတာ...ဟီး.."

ဂျယ်ဆော့မငြင်းတော့ဘဲ ထိုကောင်လေးစိတ်ကျေနပ်အောင် တစ်ငုံသောက်ပြလိုက်သည်။
"ကောင်းသားပဲ...နောက်လည်းမင်းပဲဖျော်ပြီးလာပို့တော့..."

I Found My Love In  SystemWhere stories live. Discover now