(1.8)ပိုင်တခေတ်

5.7K 571 17
                                    

"အသေးလေးပြီးရင်သွားရအောင်...ဟိုရောက်ရင်ကိုယ့်အနားမှာပဲနေနော်..."

တခေတ်လည်း ခွန်းစေရာကိုမျက်စောင်းထိုးလိုက်ပြီး...
"ခင်ဗျားမှာနေတာ ဒါနဲ့ဆို ၁၃ခါရှိသွားပြီ...ကျွန်တော်ကလေးမဟုတ်တော့ပါဘူးဗျ...."

"ကလေးမဟုတ်လို့ ပြောနေရတာပေါ့အသေးလေးရဲ့....ဖြစ်နိုင်ရင် မလိုက်တောင်မလိုက်စေချင်ဘူး..."

"ခင်ဗျားနားမှာပဲနေရင်ပြီးရောမှတ်လား သွားမယ်ဗျာ..."

စေရာလည်း အသေးလေးလက်ကိုဆွဲကာ ကားနောက်ခန်းထဲ၀င်ထိုင်လိုက်ပြီး...မင်းခန့်ကို Z Groupပိုင်တဲ့ Hotelဆီမောင်းခိုင်းလိုက်သည်။

••••••••••••••••••••••••••••••••••••••••••
Hotelမှာလုပ်ငန်းရှင်တွေတော်တော်များများစုံနေပြီဖြစ်သည်။ နှင်းပွင့်ဖြူကတော့ ဂါ၀န်အနီရောင်ကိုမှ ပေါင်ရင်းထိခွဲထားပြီး ရင်ဘက်ကိုအသားပေးဖော်ထားတဲ့ ၀တ်စုံကြောင့်ပုရိသတို့ ရဲ့စိတ်၀င်စားမှုကိုအတော်အတန်ခံရသည်။
ဈာန်ကတော့ နှင်းပွင့်ဖြူကိုမကြိုဆိုပေမဲ့ မိမိရဲ့ပြိုင်ဘက်နဲ့တက်ရောက်လာတာကြောင့် မလိုအပ်ဘဲပြဿနာတက်မှာစိုးတာကြောင့် ဘာမှတော့မပြော။

ခနကြာတော့ Hotelရှေ့ရောက်လာတဲ့ နောက်ဆုံးပေါ် ကားကြောင့် အားလုံးကထိုကားဆီသို့စိတ်၀င်တစားဖြင့် ကြည့်နေကြသည်။ ကားပေါ်ကဆင်းလာမဲ့သူကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြသည်။

ကားပေါ်ကဆင်းလာတဲ့ suitအနက်ရောင်နဲ့ လိုက်ဖက်လွန်းတဲ့ ခန့်ညားတဲ့သူကြောင့် အားလုံးကပါးစပ်အဟောင်းသားဖြင့်
girl1: အဲ့တာ ခွန်းစေရာမဟုတ်လား....

girl2: သူက partyပွဲတွေတက်လေ့မရှိဘူးဆို...

girl3: ဘာပဲဖြစ်ဖြစ် ခွန်းစေရာလာတာငါတို့အတွက်ကံကောင်းမှုပဲ ချောလိုက်တာဟယ်....

ခွန်းစေရာကတော့ကြည့်နေတဲ့လူတွေကိုဂရုမစိုက်စွာ အသေးလေးကိုလက်ကမ်းပေးလိုက်ပြီး
"အသေးလေး...ဒီပွဲကပြန်ရင် အသေးလေးရဲ့ first timeကိုယ့်ကိုပေးပါလား..."

တခေတ်ကတော့ခွန်းစေရာစကားကြောင့် မျက်နှာလေးရဲခနဲဖြစ်သွားပြီး...
"ခင်ဗျားသေချင်လို့လား..."

I Found My Love In  SystemWhere stories live. Discover now