(2.7)လီရှင်းရန်

5.5K 553 9
                                    

Unicode

မနက်ခင်းနေရောင်ခြည်က မျက်နှာချောချောပေါ်ကို‌ကျရောက်လာတာကြောင့် ရှင်းရန်တစ်ယောက်နိုးလာသည်။

နိုးနိုးချင်း ထထိုင်မိလိုက်ချိန်မှာတော့
"အား!!! သေပါပြီ...၀မ်စစ်မင် ခင်ဗျားကိုသတ်မယ်..."

[သူပဲညကကျ....အား...စစ်မင် မြန်မြန်လေးဆို...]

ရှင်းရန်တစ်ယောက် Leoရဲ့စကားကြားလိုက်ချိန်မှာတော့ ရှက်တာရောဒေါသထွက်တာပါပေါင်းကာ
'Leo...မင်းကိုလည်းသတ်မယ်...ညကမင်းကြောင့်ဖြစ်သွားတာ...အီးဟီး...အခုတအားနာတာပဲ...'

ရုတ်တရက်ထငိုတဲ့hostကြောင့် Leoလေးခမျာ...ချော့ရပြန်သည်။
[မငိုပါနဲ့hostရယ်...အကိုက်ခဲပျောက်ဆေးရှိတယ် သောက်မလား points 20ပဲပေး...သောက်လိုက်တာနဲ့ ခံစားနေရတာတွေယူပစ်သလိုပျောက်သွားမှာနော်...အရမ်းလည်းတန်တယ်...စွမ်းလည်းစွမ်းတယ်...]

Leoစကားကြောင့် ရှင်းရန်လည်း အော်အော်ပြီးငိုတော့သည်။
"အီးဟီး....အကျင့်မကောင်းတဲ့system ကိုယ့်hostဒီလိုဖြစ်တာတောင်...ဈေးရောင်းနေတယ် မင်းအရင်ဘ၀က OSများဖြစ်ခဲ့လား....အဟင့်...နာပါတယ်ဆိုငိုနေရတယ်...အဲ့မင်းကြီးစုတ်ကလည်းအနားမှာမရှိဘူး...ဟင့်..."

"ကိုယ်လာပါပြီကွာ...အသေးလေးစားဖို့ ပြင်ဆင်ခိုင်းနေလို့ပါ...အရမ်းနာနေလားဟင်..ကိုယ်သမားတော်ကို ဆေးပြင်ဆင်ထားခိုင်းတယ်...ကိုယ့်အမှားပါကွာ..."

စားဖိုဆောင်မှာ အသေးလေးစားဖို့အတွက် ညွှန်ကြားနေတုန်း အသေးလေးအဆောင်ရှေ့ စောင့်ခိုင်းထားတဲ့ မှူးမတ်တစ်ယောက်က အသေးလေးငိုနေတယ်ပြောတာကြောင့် စစ်မင်ပြေးလာရခြင်းပင်....

"အဟင့်...အရမ်းနာတယ်..အာ့ခင်ဗျားကြီးကြောင့်..."

"ဟုတ်ပါတယ်...ကိုယ်တော်ကြောင့်...မငိုပါနဲ့တော့ကွာ...အသေးလေးမောနေပါ့မယ်..တိတ်တိတ်..."

အဆောင်ရှေ့ကမှူးမတ်နဲ့‌ အစေခံတွေမှာတော့
*တို့မင်းကြီးရောဟုတ်ရဲ့လား...ဘယ်သူ့မှအဖက်မလုပ်ဘဲ တည်တည့်တံတံနေတတ်တဲ့ မင်းကြီးမှ ဟုတ်ရဲ့လား..."

စစ်မင်ကတော့ အစေခံတွေရဲ့အတွေးကိုမကြားစွာဘဲ အသေးလေးအငိုတိတ်ဖို့သာကြိုးစားချော့နေသည်။

I Found My Love In  SystemWhere stories live. Discover now