System Space (5)

2.5K 231 14
                                    

Unicode

ခါလွန်အိပ်ပျော်နေတာ ဒီနေ့နဲ့ဆို(၃)နှစ်ပင်ရှိရော့မည်...

ကောင်းကင်သခင်ရဲ့ သဘောတူညီချက်အရ Co Coဟာ ခါလွန့်ရဲ့Missionsကိုပြီးအောင်လုပ်ဆောင်ပေးပိုင်ခွင့်ရှိသည်။ သို့ပေမဲ့pointsတော့ရမည်မဟုတ်ပေ...
Co Coက Missionsကိုပြီးမြောက်အောင်ဆောင်ရွက်ပေးတာကြောင့် အပြစ်ပေးကမ္ဘာကိုမသွားရတော့ဘဲ  pointsမရခြင်းဖြစ်သည်။

Co Coဟာ Lucusမရှိတော့ကတည်းက မြို့ကိုပုံမှန်ပြန်ဖြစ်ဖို့နေမနားညမနားလုပ်ဆောင်ခဲ့သည်။ (၃)နှစ်အတွင်း မြို့ဟာ သစ်ပင်တွေနဲ့စိမ်းစိမ်းစိုစိုပြန်ဖြစ်လာတော့သည်။

Co Coလည်း Missionsပြီးမြောက်တာနဲ့  Leo Spaceထဲ၀င်သွားကာ အသေးလေးကိုအရင်သွားကြည့်သည်။
အိပ်ပျော်နေတဲ့ကလေးငယ်ဟာ မျက်နှာလေးနွမ်းလျနေပေမဲ့ချောမောမှုတို့ကရှိနေဆဲပင်.....

စေတမာန်ဟာ ခါလွန့်ရဲ့ ပါးလေးကိုဖွဖွကိုင်ကာ မကာကွယ်နိုင်ခဲ့တဲ့အတွက်တောင်းပန်စကားအထပ်ထပ်ဆိုနေသည်။
"နောက်ဆို ကိုယ်အသေးလေးကိုကာကွယ့်ပါ့မယ် ကို့အသက်နဲ့ရင်းပြီးကာကွယ်မှာမို့လို့မြန်မြန်နိုးလာပါတော့နော်...ကိုယ်အခုတော့ ဟိုမိန်းမယုတ်ကိစ္စလုပ်ရအုံးမှာမို့လို့ သွားရအုံးမယ်...အရမ်းချစ်တယ်ကလေးရယ်..."

စေတမာန်ဟာ ခါလွန့်ရဲ့ နဖူးလေးကို မြတ်နိုးစွာနမ်းရှိုက်လိုက်ပြီး Leoကိုအသေးလေးအားဂရုစိုက်ပေးရန်အတန်အတန်မှာကြားကာ ထွက်သွားလေသည်။

ကောင်းကင်နန်းတော်

ကောင်းကင်အရှင်ဟာ ညီတော်ရောက်လာမယ်မှန်းသိလို့ ကြိုစောင့်နေလေတယ်။
မကြာခင်မှာဘဲ ဥယျာဉ်တော်အတွင်းကိုဒေါသတကြီး၀င်လာတဲ့ညီတော့်ကိုကြည့်ကာ အပြုံးမမည်သောအပြုံးလေးကိုဆင်းမြန်ရင်း ကြိုဆိုလေတယ်...
"ရောက်လာတာမြန်သားပဲညီတော်...ကိုယ်တော်အထူးပြုလုပ်ထားတဲ့ မက်မွန်းသေရည်လေးသုံးဆောင်ပါအုံး...."

"ကျွန်တော် သေရည်သောက်ဖို့လာတာမဟုတ်ဘူး....ဆေးနတ်ဘုရားမကိစ္စကို ကျွန်တော့်ကိုကိုင်တွယ်ခွင့်ပြုပါအရှင်..."

"ဒါတော့မဖြစ်ဘူးတမာန် အကိုတော်ကဒီကောင်းကင်ဘုံကိုအုပ်ချုပ်တဲ့သူ ကိုယ်တော် လက်လွတ်စပယ်လုပ်လို့မရဘူး...."

I Found My Love In  SystemWhere stories live. Discover now