(3.7)ဂျန်ထယ်ယန်း

4.3K 418 13
                                    

Unicode

မနက်ရောက်တာနှင့် နေမင်းကြီးကသူ့ရဲ့တာ၀န်အတိုင်း လောကတစ်ခွင်ကို သူ့အလင်းရောင်နဲ့အလှဆင်လေပြီ...
နိုးစက်လေးကလည်း သူ့ရဲ့တာ၀န်ကိုထမ်းဆောင်ကာ တတီတီ အော်မည်ကာ အိပ်ယာ‌နှိုးနေချေပြီ...

ထယ်ယန်းက နှိုးစက်သံကြောင့် တအီအီဖြင့် မျက်လုံးကမပွင့်ဘဲ အပျင်းကြောဆွဲကာ
"ဝါး..(အိပ်ယာနိုးရင်အော်တဲ့အပျင်းကြောဆွဲသံလို့မှတ်ပါ...)
အလုပ်ကလည်းသွားရအုံးမယ်..."

[အမလေး...ဒီနေ့မှအလုပ်ဆင်းရမှာကို မသိရင် နှစ်ချီပြီးအလုပ်လုပ်လာတဲ့သူကျနေတာပဲ😏]

မနက်စောစောစီးစီး Leoရဲ့ သာယာလှတဲ့ စက်ရုံသံမကျ ကြောင်မြီးညှက်သံမကတဲ့အသံကြီးကြောင့်..
"ချီး တိတ်တိတ်နေစမ်းကွာ...မင်းအသံအစား Voiceအသံကြားရတာမှနား၀င်ချိုအုံးမယ်...."

ထယ်ယန်းလည်း Leoကို ရန်တွေ့ပြီး အိပ်ယာထဖို့ပြင်လိုက်ကာ မျက်လုံးဖွင့်လိုက်တော့
"အား!!!"

"'ယန်းလေးက ကိုယ့်အသံကိုသဘောကျတာလား..."'

မိမိ ကိုယ်ပေါ်မှာ ခွရက်သားနှင့်ငုံ့ကြည့်ကာ ပြောလာသည့် Voiceရဲ့ မျက်လုံးတွေက အရည်လေးတွေလဲ့နေသယောင်...voiceစကားကြောင့် ထယ်ယန်းခမျာ ပါးမို့မို့လေးနှစ်ဖက်က ရဲခနဲ....

"အဟမ်း....ဘယ်တုန်းကရောက်နေတာလဲ...ငါ့အပေါ်ကဖယ်ပါအုံးကွာ..."

"'Arr...sorry ကိုယ့်အသံကိုသဘောကျတာလားလို့...ဖြေလေ..."'

ထယ်ယန်းချောင်ပိတ်နေလေပြီ...
"'အင်း...သဘောကျတယ် ကျေနပ်ပြီလား...ဖယ်ပေးတော့..."'

ယန်းလေးစကားကြောင့် Voiceမျက်လုံးလေးတွေက Animeကားထဲကလို အသဲပုံလေးတွေထင်‌လာသယောင်...
မနက်ခင်းအိပ်ယာထခါစမိန်းကလေးတွေလှတယ်ဆိုတာ အသေးလေးအလှရဲ့ ခြေဖျားတောင်မမှီဘူး ချစ်ဖို့ကောင်းပါပေ့ကွာ...
"'အား!!..."'

ရုတ်တရက်ထအော်သည့် Voiceကိုကြည့်ပြီး ထယ်ယန်းတစ်ယောက်ပြောစရာများမရှိတော့ဘဲ ခေါင်းပေါ်မှာ ??တွေပင်ပေါ်လာသ‌ယောင်...

မိမိအားကြောင်ကြည့်နေသည့် ကလေးငယ်က ချစ်ဖို့ကောင်းမှုအတိဖြင့်
"'ချစ်စရာကောင်းအောင်မလုပ်နဲ့ကွာ...ကိုယ်ကိုက်စားမိလိမ့်မယ်အသေးလေး..."'

I Found My Love In  SystemWhere stories live. Discover now