(5.5) Nobless

1K 95 5
                                    

Unicode

နိုင်ငံနယ်စပ်ထဲစ၀င်တာနဲ့ အစာမစားရလို့ ပိန်လိန်ကာ သေနေသည့်လူတွေကိုမြင်ရသည်။ ယင်ကောင်တွေကလည်း တဝှီဝှီနှင့်အပုပ်နံ့တွေကလည်းထွက်လို့နေလေသည်။

တချို့ဆိုလျှင်လည်း လူရုပ်ပင်မထွက်တော့ ပိန်းလွန်းလို့ အရိုးခြောက်လိုပင်ဖြစ်နေ‌ကြသေးသည်။

"အစားအစာလေးနည်းနည်းလောက်ကျွေးခဲ့ပါ...."
ငတ်ပြတ်လျှင် ရှက်ရွံမှုဆိုတာ မရှိတော့တာမို့
တောင်းနေသူများကလည်း အများအပြားပင်....

Herryဟာသက်ပြင်းချလိုက်ကာ

"Leo....သူတို့တွေသနားပါတယ်နော်....ခေါင်းဆောင်က မကောင်းရင် အရင်ဒုက္ခရောက်ရတာ အခြေခံလူတန်းစားတွေပဲ...."

"ဟုတ်တယ်....ခေါင်းဆောင်ဆိုတာ ဘက်လိုက်မှုမရှိဘဲ ညီညီမျှမျှနဲ့ တစ်သမတ်ထဲ သွားတဲ့သူတွေကိုခေါ်တာ...လက်အောက်ငယ်သားကို ခိုင်းတာထက် ကိုယ်တိုင်အတူ ပါ၀င် လုပ်ကိုင်တတ်တဲ့သူကိုမှ ခေါင်းဆောင်လို့ခေါ်ထိုက်တာHostရဲ့...."

"Leo....ငါတို့ အခုလိုစကားအကောင်းမပြောတာကြာပေါ့နော်...."

"အွန်းလေ...တစ်ခါတစ်လေတော့ မပေါဘဲ အတည်ပေါက်လုပ်ကြည့် ချင်တာပေါ့..."

"အေးပါကွာ...."

"လာပါ....မြို့ထဲရောက်ရင်ဒီထက်ဆိုးမယ်....."

Herryနဲ့Leoဟာ စကားတပြောပြောဖြင့် ခရီးဆက်လာခဲ့ကြသည်။

••••••••••••••••••••

Nobless နိုင်ငံတွင်တော့.....

"ဟေ့ကောင်....မင်းအိမ်ရှေ့စံဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလားကွ...မင်းအပေါ်မှာ မင်းအဖေငါ တစ်ယောက်လုံးရှိနေသေးတာသတိရရဲ့လား....ဘယ့်နှယ့်ကွာ....မွေးစားညီကိုပြန်ယူချင်ရတယ်လို့ ဟိုကမင်းမယူချင်လို့ပြေးပြီ ကြားလို့မှကောင်းကြသေးရဲ့လား...."

"မောနေပါအုံးမယ်အဖေရယ်...အေးဆေးပေါ့...Herryကပြန်လာမှာ...."

"မင်းဖင်ကြီးကိုပဲပြန်လာ....ယုံကြည်ချက်တွေကတော့ရှယ်ပဲနော်....ငါလည်းမင်းနဲ့မှရိုင်းနေရတာအဆင်မပြေဘူး...."

I Found My Love In  SystemWhere stories live. Discover now