(1.5)ပိုင်တခေတ်

6.8K 644 18
                                    

Unicode

နေရောင်ခြည်နုနုက ပြတင်းပေါက်မှ တစ်ဆင့် မျက်နှာပေါ်ကျရောက်လာတာကြောင့် တခေတ်တစ်ယောက် နိုးလာရသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာကျတ်အဖြူရောင်ကြီးကစီးကြိုနေတာကြောင့်
"အမ်...ငါ့အိမ်မှာမဟုတ်ပါလား..."

[ခွန်းစေရာအိမ်ရောက်နေတာလေ...မူးကွဲအောင်သောက်တာကိုး...နည်းတောင်နည်းသေးတယ်...]

နားထဲကန့်လန့်ကြီး၀င်လာတဲ့အပြစ်တင်တဲ့စကားကြောင့် တခေတ်ခမျာမျက်နှာလေးရှုံ့မဲ့လျက်...
'ငါ့ဆိုအပြစ်ပြောဖို့ပဲ ဟွန့်...'

"နိုးပြီလားအသေးလေး...."
အတွေးလွန်နေတဲ့ အသေးလေးကိုကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ မိမိအားသတိမထားမိအောင်အထိ တခြားသူအကြောင်း တွေးနေတာလက်မခံနိုင်တာမို့ စေရာလည်း အသေးလေးကို စကားအရင်စလိုက်ခြင်းပင်။

Leoနဲ့သတ်နေစဉ် ထွက်လာတဲ့အေးစက်စက်အသံကြောင့် တခေတ်ကိုယ်လေးတုန်သွားကာ အသံလာရာဘက်ကြည့်လိုက်တော့ ခွန်းစေရာကြီးက ခါးကြီးထောက်လျက်မိမိအားကြည့်နေသည်မို့ တံတွေးပင်မျိုချက်မိသွားသည်။
ဂလု!!!

"နိုးရင်လည်းထပြီးမျက်နှာသစ်တော့လေ...မနက်စာပြင်ထားပေးတယ်...ပြီးရင်အပြင်သွားမယ်...ကိုယ့်ကိုအကြွေးပေးစရာရှိတာမှတ်မိပါတယ်နော်..."

*ဒီလူအမှတ်သည်းခြေကြီးတာပဲ...*
"မှတ်မိပါတယ်...မနက်စာကခင်ဗျားပြင်ထားတာလား..."

"ဟုတ်တယ်လေ....အသေးလေးအတွက်ကိုကိုယ်တိုင်ပြင်ထားတာ..ရေအရင်သွားချိုးလိုက်အုံး..."

တခေတ်လည်း ခွန်းစေရာကို ခေါင်းငြိမ့်ပြကာ အသိမှတ်ပြုလိုက်ပြီး ရေချိုးခန်းထဲ၀င်လိုက်သည်။ ရေချိုးခန်းထဲရောက်တော့ မိမိလည်ပင်းအားကြည့်ကာ တခေတ်တစ်ယောက် လန့်သွားရသည်။

'WTF!!! ဘာကောင်ကိုက်တာလဲဟ...အကွက်ကွက်တွေနဲ့ အလက်ဂျစ်တွေလား leo...မူလပိုင်တခေတ်က ပင်လယ်စာနဲ့မတည့်ဘူးလား...'

Hostရဲ့တုံးအပုံကို မြင်ပြီး Leoလေးခမျာ သွေးပွက်ပွက်အန်ချင်စိတ်ပင်ပေါက်လာသည်။
[ပင်လယ်စာနဲ့တည့်ပါတယ်host...အကောင်ကိုက်တာနေမှာပေါ့...အပြင်ရောက်မှခွန်းစေရာကြီး မေးကြည့်ပေါ့...]

I Found My Love In  SystemWhere stories live. Discover now