(1.3)ပိုင်တစ်ခေတ်

7K 668 29
                                    

Unicode

ဈာန်အိမ်ရောက်တော့ ဖေဖေနဲ့လွတ်လွတ်လပ်စကားပြောကာရယ်မောနေတဲ့ ကိုကိုပိုင့် ကိုတစ်ချက်ငေးခနဲဖြစ်သွားသည်။
*ငါ့အကိုကတအားချောလာတာပဲ...*

"ညီ...ရောက်ပြီလား...ဒီကိုလာလေ ဘာရပ်လုပ်နေတာလဲ..."
တခေတ် စ၀င်လာထဲကမိမိအား ဇာတ်လိုက်ကြည့်နေတာ leo‌ပြောထားလို့သိနေပေမဲ့ မသိချင်ယောင်ဆောင်ကာ အန်ကယ်နဲ့စကားဆက်ပြောနေလိုက်သည်။ သို့ပေမဲ့ အတန်ကြာတဲ့အထိမ၀င်သေးဘဲ ရပ်ကြည့်နောတာကြောင့် ခေါ်လိုက်ခြင်းပင်။
'ငါချောတာငါသိတဲ့ ဇာတ်လိုက်ရဲ့....'

[ဝေါ့.....နားကြားပြင်းကပ်စရာကြီး..]
Leoမဲ့ရွဲ့ကာလှေနေတာသိပေမဲ့ အရေးမလုပ်အား
'နောက်မှ မင်းနဲ့ရှင်းမယ်Leo'
စိတ်ထဲမှာတော့ systemနဲ့ ရန်ဖြစ်နေပေမဲ့ အပြင်မှာတော့ တခေတ်တစ်ယောက်အပြုံးမပျက်ပေ။

"ဗျာ....ဟုတ်လာပီ..."

"သား မင်းအကိုကမြန်မာပြည်ကိုမနေ့ကမှရောက်တာ...သူက constructionတစ်ခု ထောင်ချင်လို့တဲ့....အဲ့တာဖေဖေတို့companyမှာလေ့လာချင်လို့တဲ့....သားကကူညီပေးလိုက်အုံးနော်...."

ဖေဖေ့အပြောကို ဈာန်ပြုံးပြကာ
"ဟုတ်ကဲ့ပါဖေဖေရဲ့....သားကူညီလိုက်ပါ့မယ်..."

"အေးအေး...အဲ့တာဆိုအဖေနားတော့မယ်ကွယ်...."

အန်ကယ်အပေါ်တက်သွားတော့မှ တခေတ်လည်း
"ညီကငယ်ငယ်ကနဲ့မတူတော့ဘူးနော်...ခန့်ချောကြီးဖြစ်လာတယ်..."

ဈာန်ကလည်းခပ်ဟဟရယ်ကာ...
"ဟားဟား...ကိုကိုပိုင် ကသာပိုချောလာတာပါ...ဘယ်လိုလဲ အိမ်ထောင်တွေဘာတွေကျပြီလား..."

"ညီရာနောက်ပြီ....ညီရော ညီ့အမျိုးသားနဲ့အဆင်ပြေရဲ့လား..."

"......."

"အာ....ညီအိမ်ထောင်ကျသွားပြီဆိုတာ အန်ကယ်ပြောပြထားလို့သိတာပါ...."

ဈာန်ကိုကိုပိုင်မေးတာကိုဘာဖြေရမလဲမသိဖြစ်နေသည်။ ကိုကိုပိုင်နဲ့မတွေ့ခင်က စိတ်တွေ‌ရှုပ်ထွေးနေသလောက် အခုတွေ့ပြီးစကားပြောကြည့်တော့ စိတ်ကလည်းကြည်လင်လာသည်။ ဒါကြောင့်လည်း ကိုကိုပိုင်မေးတာကို ဖြေမည်ဟုဆုံးဖြတ်လိုက်ကာ....

I Found My Love In  SystemWhere stories live. Discover now